GARDASIL 9 သားအိမ်ဝကင်ဆာ ကာကွယ်ဆေး
ဆရာရှင့် ရောဂါကတခုဖြစ်ပြီးသားလူဘဲထပ်ဖြစ်နေသလားမသိပါဘူးရှင့်။ ခုလဲ သားအိမ်မှာ hpv16/18 က negative ပေမယ့် other high risk hpv တွေတွေ့လို့ပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်စေသောအကြောင်းသိထားချင်လို့ပါ။ ခုလဲ ogနဲ့ပြနေပေမယ့် မြန်မာပြည်က ဆရာဝန်တွေက အချိန်လုဆေးခန်းပတ်ပြေးရတဲ့အတွက် ကိုယ်မေးချင်တာမေးခွင့်သိပ်မရလို့ပါရှင့်။Other High-Risk HPV Types သားအိမ်ဝကင်ဆာ ဖြစ်နိုင်ခြေများ
Pap smear and HPV test စစ်ဆေးတဲ့အခါ HPV 16 နဲ့ 18 တွေ့ရင် cervical cancer သားအိမ်ဝကင်ဆာ ဖြစ်နိုင်ခြေများတယ်။
တခြားအမျိုးအစားတွေလည်း ရှိသေးတယ်။
HPV 31, HPV 33, HPV 45, HPV 51, HPV 52, HPV 56, HPV 58, HPV 59, HPV 66 နဲ့ HPV 68 တွေဖြစ်တယ်။ အဲဒါတွေတွေ့သူတွေထဲက % ဘယ်လောက်မှာ ကင်ဆာဖြစ်သလဲ သုတေသနလေ့လာမှုတွေ ဆက်လုပ်နေပါတယ်။
Prevention ကာကွယ်နည်း
အသက် ၂၆ နှစ်အထိဆိုရင် (HPV vaccine protects against HPV 16, 18, 31, 33, 45, 51, 52, 56, 58, 59, and 66) ကာကွယ်ဆေး ထိုးထားပါ။
ယူအက်စ်အေမှာ Gardasil 9 ကာကွယ်ဆေး HPV types 6, 11, 16, 18, 31, 33, 45, 52, and 58 တွေကို ကာကွယ်မယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ ၄၅ နှစ်အထိလည်း ထိုးလိုက ထိုးနိုင်ပါတယ်။
Regular cervical cancer screening စစ်ဆေးမှု ပုံမှန်လုပ်နေပါ။
Removal of precancerous lesions (e.g., colposcopy) ခွဲစိတ်ထုတ်နည်း။
Pap smear သားအိမ်ဝကင်ဆာ စမ်းသပ်နည်း https://dr-tint-swe.blogspot.com/2020/12/pap-smear.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment