Good Foods သစ်သီးနဲ့ဟင်းသီးဟင်းရွက်ကိုပိုစားရင်ပိုကျန်းမာတယ်
လူပေါင်း ၆၅၂၂၆ ယောက်ကိုစမ်းသပ်ခဲ့တာပါ။ အသက်ပိုရှည်ကြပါတယ်။ ကင်ဆာဖြစ်နှုန်းနဲ့နှလုံးရောဂါ ဖြစ်နှုန်းနည်းကြပါတယ်။ လေ့လာမှုအတွင်းမှာ ဘယ်အကြောင်းနဲ့သေသေ (ပိုးရှင်း) ၇ ကနေ (ပိုးရှင်း) ၁၀ အထိစားသူတွေမှာ၄၂% သေဆုံးမှုလျော့နည်းတာ တွေ့ရပါတယ်။
(ပိုရှင်း) တခုဆိုတာ ၈၀ ဂရမ် ဒါမှမဟုတ် ၃ အောင်စနဲ့ညီပါတယ်။ သုတေသနမှာသုံးတဲ့ (ဆာဗင်း) ဆိုတာ အစားအသောက်တမျိုးခြင်းမတူပါ။ ဟင်းသီးဟင်းရွက်ဆိုရင် (ဆာဗင်း) တခုဆိုတာ ရိုးရိုးမီးသီးတလုံးစာ၊ ဒါမှမဟုတ် မုန်လာစိမ်းခွက်တဝက်၊ ဒါမှမဟုတ်ကွန်ပြူတာ (မောက်စ်) တခုစာ၊ ဒါမှမဟုတ် အာလူးခွက်တဝက်နဲ့ ညီမျှပါတယ်။ သစ်သီးဆိုရင် တင်းနစ်ဘောလုံးတလုံးစာ၊ ဒါမှမဟုတ်ဝါဂွမ်းလုံး ၇ လုံးစာနဲ့ညီမျှတယ်။
အကောင်းဆုံးကတော့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေဖြစ်ပြီး၊ ဒုတိယလိုက်တာကတော့ ဆလပ်လုပ်စားတာနဲ့ တတိယလိုက်တာကတော့ သစ်သီးမျိုးစုံဖြစ်ပါတယ်။ သစ်သီးရည်တွေ အကျိုးမများလှပါ။ စည်သွပ်စာတွေကလဲ သေဆုံးမှုအတွက်အန္တရာယ်ရှိပါတယ်။
ဗြိတိန်အစိုးရကတော့ ၅ (ပိုးရှင်း) နဲ့လုံလောက်တယ်ဆိုတဲ့ လမ်းညွှန်ကိုဆက်ပြီးကိုင်စွဲထားပါတယ်။ သြစတေးလျ အစိုးရကတော့ ၂ + ၅ ဖေါ်မြူလာကိုအားပေးပါတယ်။ သစ်သီး ၂ (ပိုးရှင်း) နဲ့ဟင်းသီးဟင်းရွက် ၅ (ပိုးရှင်း) ကိုပြောတာပါ။
ဒီလိုကျန်းမာရေးအတွက် ကောင်းမွန်လှတဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်ကိုစားတာနဲ့အတူ လူနေမှုပုံစံလဲ ပြင်ရပါမယ်။ ဆေးလိပ်မသောက်ဘူး၊ အရက်ကိုဆင်ခြင်မယ်-ရှောင်မယ်ဆိုရင် သူများတွေထက် သေချာပေါက် အသက်ပိုရှည်ပါမယ်။
ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၄
Comments
Post a Comment