Hemoglobin test ဟီမိုဂလိုဘင်စစ်ဆေးခြင်း
Hemoglobin test ဟီမိုဂလိုဘင်စစ်ဆေးခြင်း
ကျမအသက် ၃၀ ရာသီသွေးက ၁၅ ရက်နေ့ကပြီးတယ်ရှင့် အခု HB level 11.2 ရှိတာ နည်းလားရှင့်။
(အဖြေခင် ပြောဦးမယ်။ ရှင့် လို့သုံးတာ သင့်မှန် ယဉ်းကျေးတယ်။ အခုခေတ်မှာ သင့်မှန် ယဉ်းကျေးတာတွေ ပျောက်ကုန်ပြီ။ နော် တဲ့။ စင့် တဲ့။)
ဓါတ်ခွဲသုံး ယူနစ်တွေ နည်းနည်း မတူ။ ဆေးစစ်ချက်မှာ ပုံမှန်မဟုတ်တာကို ထူးခြားပြီး ဖေါ်ပြထားပါမယ်။
ဥပမာ (၁)
ယောက်ျား 13.5 to 17.5 grams per deciliter
မိန်းမ 12.0 to 15.5 grams per deciliter
ဥပမာ (၂)
ယောက်ျား 14.0 and 17.5 (gm/dL)
မိန်းမ 12.3 and 15.3 (gm/dL)
ဥပမာ (၃)
ယောက်ျား 13.8 to 17.2 (g/dL) or 138 to 172 (g/L)
မိန်းမ 12.1 to 15.1 g/dL or 121 to 151 g/L
အဖြေစာရွက်ပါဆရာ
မေးတဲ့သူမှာ 11.2 g/dl (76%) ရှိတယ်။ ပုံမှန်ရှိရမှာက 11.5 – 14 ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၂၅-၉-၂၀၁၉
Comments
Post a Comment