A rib fracture နံရိုးကျိုးခြင်း

မေးခွန်း = ဆရာ ကျွန်တော်နံရိုးကျိုးထားလို့ (fracture noted at Lt posterior 9th rib)အိမ်မှာ နားနေရင်းနဲ့ ဆေးခန်းက ပေးထားတဲ့ဆေး (calcium & vitamin D3)သောက်နေတာ ၄၄ ရက်ရှိပါပြီ နံရိုးပြန်ဆက်ဖို့နှင့် recover ဖြစ်ဖိုအချိန်ဘယ်လောက်ကြာနိူင်ပါသလဲဗျာ အသက်က ၄၃ အမျိုးသား အိမ်ထောင်မရှိပါဘူးဗျ။

ပြန်စာ

အရိုးပြန်ဆက်ချိန် ၆-၁၂ ပတ်ကြာတယ်။

လူနာအသက်နဲ့ ဒဏ်ရာပြင်းထန်မှုအပေါ် မူတည်တယ်။ အသက်ငယ်လေ မြန်လေ။

နာတာကိုခံစားရမှုကတော့ ဒိထက်စောတယ်။ မကျိုးခင်ကလို ပြန်လည်လုပ်ကိုင်နိုင်မှုက အချိန်ပိုကြာနိုင်တယ်။

ကုသနည်းတွေထဲမှာ အနာသက်သောစေခြင်း၊

နောက်ဆက်တွဲရောဂါ (နူမိုးနီးယား) မဖြစ်အောင်ကာကွယ်ခြင်း လိုအပ်တယ်။

ကျိုးတဲ့နေရာကို အနားပေးနိုင်လေ ကောင်းလေ။

အစားအသောက် အရင်အတိုင်း ၁၀၀% စားသောက်နိုင်တယ်။

မေးတဲ့သူသောက်နေတဲ့ဆေးထဲမှာ Paracetamol လို အနာသက်သာဆေး မတွေ့ပါ။

ဖြည့်စွက်စာဆေးတွေ မလိုအပ်ပါ။ ဝယ်ထားတာကိုတော့ သောက်လို့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ