Adult ADHD လူကြီးများမှာဖြစ်တဲ့ အာရုံစူးစိုက်မှု မူမမှန်ခြင်းရောဂါ

Attention-Deficit/Hyperactivity Disorder လို့ ခေါ်တယ်။ အများအားဖြင့် ကလေးတွေမှာဖြစ်တယ်။

လူကြီးမှာဖြစ်ရင် ကလေးတွေမှာဖြစ်တာနဲ့ ကွဲလွဲချက်တွေ ရှိတယ်။

ပုံမှန်ထက် တက်ကြွနေခြင်းက အဓိက။ လူကြီးတွေမှာဖြစ်ရင် အတွင်းစိတ်မှာ ဂဏာမငြိမ်ဖြစ်တယ်။ တခုခုကိုအာရုံစူးစိုက်မှု မရနိုင်။

နောက်ဆက်တွဲဘာဖြစ်လာနိုင်သလဲကို စဉ်းစားမနေတော့ဘဲ လုပ်ဆောင်တယ်။

သူ့ဟာသူ မာနကြီးနေမယ်။ စိတ်ခံစားမှု ပုံမှန်ထက် ပြင်းပြနေမယ်။ အရေးကြီးတာထက် အရေးမပါတာကို ဦးစားပေလုပ်ကိုင်နေမယ်။ လုပ်ပြီးသားအရာတွေကို မေ့လျော့နေမယ်။

ချိန်းဆိုချက်တွေ လွဲကုန်မယ်။ အလုပ်ကိုင်ထိခိုက်မယ်။ လူမှုဆက်ဆံရေးထိခိုက်မယ်။ အချိန်အတိုင်းအတာနဲ့ဖြစ်စေ သူလုပ်ကိုင်နေတဲ့ အလုပ်ဌာနနဲ့ဖြစ်စေ အဆင်မပြေဖြစ်မယ်။

Medical Management ဆေးကုသခြင်း

Environmental Adaptations ပတ်ဝန်းကျင်နဲ့အထာကျစေခြင်း

Behavioral Strategies အမူအယာဗျူဟာ

Building a Support System ကူညီထောက်ပံ့ရေးစနစ်တွေနဲ့ ကုသပေးရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ