မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်
ကွန်မင့်တခု = လေးစားပါတယ်ဆရာခင်ဗျား။ မြန်မာလူမျိုးတွေကစာဖတ်တအားနည်းပါတယ်။ ဆေးပညာဗဟုသုတလွန်စွာမှအားနည်းပါတယ်။ ဒီထက်ပိုဆိုတာက ပဋိဇီဝဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ၊ ဆေးစာမပါဘဲကြားဘူနားဝနဲ့၊ သူများကသောက်လို့ သက်သာတယ်ဆိုရင် လိုက်ဝယ်သောက်တတ်ကြပါတယ်။ အဆိုးဆုံးကတော့ ဘာဖြစ်ဖြစ်အကောင်းဆုံးအပြင်းဆုံပဋိဇီဝဆေးတွေကိုတတ်ကျွမ်းနားလည်သူ( ဆရာဝန်) မညွှန်ကြားဘဲ၊ မိမိသဘောဆန္ဒနဲ့ သောက်ချင်သလိုသောက်တတ်ကြပါတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုတာတောင် မသိသူများပါတယ်။ တခါတလေဆေးမတဲ့ခြင်း ( Drug allergy) သူနဲ့တဲ့ပေမဲ့၊ ကိုယ်နဲ့မတဲ့လို့ ပြင်းထန်တဲ့တုန့်ပြန်မှု(Shock)ရတတ်ပါတယ်။ အချို့ဆရာဝန်အများစုက လူနာ/လူနာရှင်ကိုသူပေးတဲ့ဆေးရဲ့ကောင်းကျိုး၊ ဆိုးပြစ်တွေကိုဘယ်တော့မှရှင်းပြလေ့မရှိပါဘူး၊ မသိစေချင်ဘူး။လူနာတွေကလည်း၊အထူးကုဆရာဝန်ပေးတဲ့ေဆးကိုသိသွားရင်( follow up)ပြန်လာမပြတာ့ဘဲ၊ ဆေးဆိုင်မှာဝယ်သောက်လိုက်ကြပါတော့တယ်။ အတိုးအလျှော့၊ ဘယ်တော့ရပ်(adjustments/ omit) တွေမသိ၊ ရမ်းသန်းသောက်နေလေ့ရှိပါတယ်။ ဆရာကသမားကောင်းပီသစွာ လူထုကိုဆေးဝါးနဲ့ပတ်သက်ပြီး ပညာပေးလေ့ရှိတဲ့အတွက် ကျွန်တော်ကအလွန်ဘဲလေးစားမိပါတယ်။
ဟုတ်။ ထောက်ပြတဲ့အချက် မှန်ကန်ပါတယ်။
ကျွန်တော် ဆေးပညာစာတွေကို ၂၀၀၂ ခုနှစ်ကတည်းက ရေးပါတယ်။ စာအုပ်လည်း ၃ အုပ်ထုတ်ထားတယ်။ ဆက်ထုတ်စရာတွေရှိပေမဲ့ ပည်တွင်းမှာ ထုတ်ဝေလို့ မရတော့ပါ။
Blog သီးသန့်လုပ်ထာပါတယ်။
Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/
အခုစာရေးနေချိန်မှာ စစ်ကြည့်တော့ စာဖတ်သည့်အကြိမ်ပေါင်း 1,968,470 ရှိတယ်။ စာပုဒ်ရေ စုစုပေါင်း 15,171 ရှိတယ်။
စာဖတ်သူတွေ နေထိုင်တဲ့တိုင်းပြည်စာရင်း
United States 1.41K
Myanmar (Burma) 846
Singapore 484
Iran 329
France 326
United Kingdom 257
Thailand 221
Ireland 217
Sweden 167
Japan 162
Germany 154
Brazil 102
Philippines 82
Poland 76
Netherlands 69
Malaysia 60
China 55
Russia 54
Hong Kong 51
Other 488
ကောက်ချက်
၁။ မြန်မာပြည်မှာနေထိုင်သူတွေက ယူအက်စ်အေမှာနေသူတွေလောက် ဆေးပညာစာကို မဖတ်ကြဘူး။
၂။ မြန်မာပြည်သားတွေ တိုင်းပြည်ပေါင်းစုံကို ရောက်နေကြရပြီး ကျန်းမာရေအတွက် အသိပညာတွေ ရယူနေကြရတယ်။
မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ ကျန်းမာရေးအသိပညာပေးဆိုတာတွေထဲမှာ
- ဆေးနည်းအမှားတွေ များတယ်။
- ပညာပေးအမှားတွေ များမယ်။
- မှားတာတွေကို ကူးတင်သူတွေ များတယ်။
- ရေကို ဟိုလိုမသောက်နဲ့၊ ဒီလိုမသောက်နဲ့၊ ရေသန့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ထမင်းစာခြင်း သမိုင်းအမှား၊ ကင်ဆာပျောက်ဆေး၊ ဆီးချိုပျောက်ဆေး စတာတွေကို တယောက်ပြီးတယောက်က ကူးတင်နေကြတယ်။ အမှားတွေ။
- ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သူနာပြု၊ ဓါတ်ခွဲခန်းတွေရဲ့ လိုအပ်ချက်တွေ ရှိတယ်။
- ကိုယ်ပိုင်ဆေးရုံကြီးတွေ ငွေကြေးလောဘ ကြီးတယ်။
- ဆေးဈေးကြီးခြင်း၊ ဆေးအတုနဲ့ အရည်အသွေးမမီဆေးတွေလည်း ပါနေခြင်း စတာတွေကလည် ဆိုးဝါးတယ်။
- စိတ်ထားစေတနာ မှန်ကန်သူတွေလည်း ရှိပါမယ်။
မြန်မာပြည်သူပြည်သားတွေ အတွေးအသိပါ မကျန်းမာသူ များနေတယ်။
မြန်မာပြည်သားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment