မမှန် မှား လွဲ၏

မက်ဆေ့ချ်တခု = ဒါလေးသိချင်လို့ပါရှင့် sharing လုပ်ပေးပါလားရှင့်

ပို့ပေးတဲ့ပုံ = အူလမ်းကြောင်းသန့်ရှင်းရေး ဘလာ ဘလာ ဘလာ။

ဟုတ်။ တခါတင်ပြထားပါတယ်။ ခဏခဏ မတင်လိုပါ။

အဲလို အခြေအမြစ်မရှိ၊ ဆေးသုတေသနမပါဘဲရေးတာတွေကို လူတဝက်လောက်က ခေါင်းစဉ်နဲ့ ရုပ်ပုံကိုသာကြည့်ကြတယ်။ အချက်အလက် အမှန်အမှားအထိ မဖတ်ကြပါ။

ဆေးအတုဖြစ်ပါသည်လို့ ဖြေထာကို ဘယ်မှာဝယ်ရမလဲ မေးသူ တကယ်ရှိတယ်။

အစာအဟာရတွေအကြောင်း စာအမျိုးမျိုးကို အများကြီးတင်ပြထားပါတယ်။

လူတိုင်းရဲ့ ဇီဝကမ္မစနစ်တွေကို ကိုယ်တိုင်တံမြက်စည်းလှည်းရန်၊ မြူနီစပယ်အမှိုက်သိမ်းသလိုလုပ်ရန် မလိုအပ်ပါ။

လူတချို့က ပုံကဆွဲဆောင်မှုရှိနေရင် ကြိုက်ကြတယ်။ စာအရေးအသားက တမျိုးတမည်ဖြစ်နေရင်လည်း အဟုတ်မှတ်ကြတယ်။

တည်တည်တန့်တန့် ခန့်ခန့်ထည်ထည်ဆိုရင် စိတ်မဝင်စားကြပါ။

မမှန်၊ အမှား၊ အလွဲ၊ အဆဲတွေကို အားမပေးသင့်ကြပါ။

ခေတ်မကောင်းပါ။ လူတိုင်းညံ့တာတော့ မဟုတ်ပါ။

ပုံအတွက် ပရဟိတ လူငယ်အသင်း၊ မန္တလေးမြို့ ရွှေကျီးမြင်ဘုရား အအေးကုသိုလ်နှင့်ဝေယျာဝစ္စကုသိုလ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ