ကင်ဆာ ဘယ်အချိန်အခါမှာ နာလေ့ရှိသလဲ

မေးခွန်းတခု = ဆရာရှင့် ဆေးပညာအကြောင်းနားမလည်ပေမယ့် ဖေဖေ ခံတွင်းကင်ဆာက နေ့ဘက်အကိုက်သက်သာပြီး ညနေ စောင်းပြီဆိုတာနဲ့ ကိုက်လာတာ အဲ့ဒါကြောင့်များလားရှင်။ ပယောဂ လို့တောင်ထင်မိပါတယ်။

ပြန်စာ

ပယောဂဆိုတာ မရှိပါ။

နည်းနည်းလောက်ထူးဆန်းရင်၊ သိပ်နားမလည်ရင်၊ အကြောင်းခံ မရှာတတ်ရင် အဲလိုထင်ကြတယ်။

ကင်ဆာ ဘယ်အချိန်အခါမှာ နာလေ့ရှိသလဲ

ကင်ဆာအမျိုးအစား၊ အဆင့်၊ လူနာတဦးစီအပေါ်မှာ မူတည်တယ်။

အရိုးကင်ဆာဆိုရင် ညမှာပိုနာတယ်။ အာရုံကြောအပေါ်သက်ရောက်မှုရှိရင် ညမှာပိုနာတယ်။

တချို့ကင်ဆာက မနက်ပိုင်း မွန်းမတည့်ခင်မှာ ပိုနာတယ်။ breakthrough pain လို့ခေါ်တယ်။

ညမှာ ဘာ့ကြောင့်ပိုနာသလဲ

ညအချိန်မှာ နေ့ခင်းတုန်းကလို တခြားအာရုံတွေ နည်းတယ်။

ရောင်ခြင်းနဲ့ဆိုင်တဲ့ ဟော်မုန်းနည်းတယ်။

Cancer Pain ကင်ဆာကြောင့်နာခြင်း https://dr-tint-swe.blogspot.com/2022/05/cancer-pain.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ