Cancer and Pregnancy ကင်ဆာ နှင့် ကိုယ်ဝန်

မေးခွန်း = ဆရာရှင့် ကန်တော့ပါ... ကင်ဆာသမားတွေက ကိုယ်ဝန်ဆောင်လို့ရလားရှင့်။ လက်ရှိမှာ ကင်ဆာဆေး သောက်နေရပါတယ်။

အဖြေ

ကင်ဆာကိုကုသမှုခံယူပြီးနောက် ကိုယ်ဝန်ဆောင်ဘို့ အနည်းဆုံး ၆ လ စောင့်သင့်တယ်။ အထူးသဖြင့် ခီမိုသာရာပီ ရယူထားသူတွေ။

တချို့ လေ့လာမှုတွေအရ ၂ နှစ်ကနေ ၅ နှစ်စောင်းခိုင်းပါတယ်။

ကိုယ်ဝန်ရှိနေစဉ် ခီမိုသာရာပီ ယူဘို့လည်း ကိုယ်ဝန် ၁၄ ပတ်အထိ ကုသမှု မယူသင့်ပါ။ အထဲက ကလေးကိုထိခိုက်စေနိုင်တယ်။

တချို့ ကင်ဆာကုစနည်းတွေက ကိုယ်ဝန်မရစေနိုင်ပါ။

ကင်ဆာဆဲလ်တွေကို အချင်းကနေဖြတ်ပြီး ကလေးကိုကူးစက်နိုင်မှု အလွန်ရှားပါးတယ်။

စစ်ဆေးမှုတွေတော့ လုပ်နေရပါမယ်။

ကိုယ်ဝန်နဲ့တွဲပြီး တွေရတဲ့ ကင်ဆာများ

breast cancer ရင်သားကင်ဆာ

cancer of the cervix သားအိမ်ဝကင်ဆာ

melanoma အရေပြားကင်ဆာ

lymphoma လင်ဖိုးမား

acute leukaemia လူကီးမီးယား။

လူနာတဦးချင်းက ကင်ဆာအမျိုးအစာနဲ့ ကုသနည်းအတွက် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ