Myocardial ischemia နှလုံးသား သွေးမဝခြင်း

(အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။)

လေးစားရပါသောဆရာရှင့် Myocardial ischemia အကြောင်းလည်း စာဖတ်သူတို့ကို ဝေမျှပေးစေလိုပါတယ်ရှင်။

နှလုံးသားသွေးမဝခြင်းဆိုတာ နှလုံးသွေးလှည့်စနစ်မှာ သွေးနည်းပါးလာရာကနေဖြစ်တယ်။ နှလုံးကြွက်သားတွေ အောက်စီဂျင်မဝဖြစ်လာမယ်။ Coronary arteries နှလုံးသွေးလွှတ်ကြောတခုခုမှာ အကုန်ဖြစ်ဖြစ် တစိတ်တပိုင်းဖြစ်ဖြစ် ပိတ်ဆို့ထာဖြစ်နိုင်တယ်။ အဲလိုဖြစ်တာနဲ့ သက်ဆိုင်ရာကြွက်သားပျက်စီးလာမယ်။ သူ့အလုပ်မလုပ်နိုင်တော့ပါ။ Heart attack ခေါ်တယ်။ နှလုံးခုန်မမှန်တာလည်းဖြစ်နိုင်တယ်။ တချို့မှာ မခံစားရသေးပေမဲ့ နှလုံးမှာဖြစ်နေတတ်တယ်။ ဖြစ်ရင် ရင်ပတ်ဘယ်ဖက်ခြမ်းမှာ မခံမရပ်အောင်နာတာကို Angina pectoris ခေါ်တယ်။ တချို့မှာ လည်ပင်းနဲ့ မေးရိုးမှာနာတယ်။ ပခုဲးနဲ့ လက်လည်းနာတယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူမဝဖြစ်မယ်။ ပျို့အန်မယ်။ လှုပ်ရှာရင်ပိုဆိုးမယ်။ ချွေးပြန်မယ်။ အားကုန်မယ်။

ရောဂါအမည်ကို အတိအကCoronary artery disease (atherosclerosis) ခေါ်တယ်။ သွေးကြောထဲမှာဖြစ်နေတာကို Plaques ခေါ်တယ်။ အများအားဖြင့် Cholesterol ကိုလက်စထောတွေဖြစ်တယ်။ Blood clot သွေးခဲလည်း ဖြစ်တတ်တယ်။ Coronary artery spasm ဆိုတာက သွေးလွှတ်ကြောလေးတွေတုန်ခါမှုဖြစ်တာ။

ရုပ်ပိုင်းလှုပ်ရှားမှု၊ စိတ်ပိုင်းဖိအားများခြင်း၊ ရာသီဥတုအေးခြင်း၊ ကိုကိန်းဆေးသုံးစွဲခြင်း၊ တွေကနေ ဆက်ဖြစ်တတ်တယ်။ ဆေးလိပ်သောက်ရင် ပိုဆိုးတယ်။ ဆီးချိုရှိရင်လည်းဆိုးမယ်။ သွေးတိုးကလည်းဆိုးစေတယ်။ ကိုလက်စထောများနေတာ ဆိုးတယ်။ Triglycerides အဆီများတာလည်းပါတယ်။ လူဝတာ၊ ခါးတုတ်တာလည်းပါတယ်။ အမျိုးသမီး ၃၅ လက္မ (၈၉ စင်တီမီတာ) နဲ့ ယောက်ျား ၄၀ လက္မ (၁၀၂ စင်တီမီတာ) ထက်များတာမကောင်းပါ။ ကိုယ်လက်လှုပ်ရှားမှုမရှိတာလည်း မကောင်းစေပါ။

ဆက်ဖြစ်နိုင်တာတွေကတော့

၁။ Heart attack နှလုံးအတက်ရခြင်း၊

၂။ Irregular heart rhythm (arrhythmia) နှလုံးခုန်မမှန်ခြင်းနဲ့

၃။ Heart failure နှလုံးကနိုင်အောင်မလုပ်နိုင်တော့ခြင်းတွေဖြစ်တယ်။

စစ်ဆေးနည်းတွေ

- Electrocardiogram (ECG)

- Echocardiogram

- Nuclear scan

- Coronary angiography

- Cardiac CT scan

- Stress test စစ်ဆေးနည်းတွေလုပ်မယ်။

ဆေးပေးကုသခြင်း

- Aspirin သွေးကျဲဆေး၊

- Nitrates သွေးလှည့်တာပိုကောင်းဆေး၊

- Beta blockers နှလုံးခုန်နှေးဆေး၊

- Calcium channel blockers သွေးကြောကျယ်ပြီး သွေးဖိအားကျဆေး၊

- Cholesterol-lowering medications ကိုလက်စထောကျဆေး၊

- Angiotensin-converting enzyme (ACE) inhibitors သွေးကြောကျယ်ပြီး သွေးဖိအားကျဆေး၊

- ACE inhibitor သွေးတိုးကျဆေး၊

- Ranolazine (Ranexa) သွေးကြောကျယ်ဆေး၊

ခွဲစိတ်နည်းတွေ -

- Angioplasty and stenting ကျဉ်းနေတဲ့သွေးလွှတ်ကြောထဲမှာ သေးငယ်တဲ့ ပိုက်ငယ်လေးထည့်ထားခြင်း

- Wire with a tiny balloon ဝိုင်ယာနဲ့ ဘူဘောင်းလုံးထည့်ပေးခြင်း၊

- Wire mesh coil (Stent) စတန့်ထည့်ပေးခြင်း၊

- Coronary artery bypass surgery ဘိုင်ပတ်စ်ခွဲနည်း၊

- Enhanced external counterpulsation နည်းလည်းရှိတယ်။

ဆေးလိပ်ဖြတ်ပါ။ ရှိနေတဲ့ သွေးတိုး၊ ဆီးချို၊ ကိုလက်စထောများတာကို စနစ်တကျကုသနေပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်သာစားပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်ချပါ၊ စိတ်ဖိအားထိန်းပါ။

ဒေါက်တာတင့်ဆွေ

၂၃-၁၀-၂၀၁၆

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ