Parotitis တံတွေးထွက်အိတ်ရောင်ခြင်း (၂)
ပါးချိတ်ရောင်တာက ပါးနဲ့ပါးရိုးအောက်ဖက်တွေကနဲနဲအရောင်ကျလာပြီးသက်သာသွားပေမဲ့ ညှပ်ရိုးနှစ်ခုကြား လည်ပင်းအလယ်နဲ့ ရင်ညွှန့်ရိုးအပေါ်ဆုံးနေရာလေးတွေမှာ ဖောင်းဖောင်းပျော့ပျော့လေးတွေထပ်ဖြစ်လာလို့ပါဆရာ အဲလိုပဲဖြစ်တတ်တာလားဆရာ။ နောက်ထပ်ရောဂါတစ်ခု(တခု)ထပ်ဖြစ်ပြန်တာလားဆရာ။ ပါးချိတ်ရောင်နေတာက မျက်နှာဘယ်ဖက်ရော ညာဖက်ပါအ ကြီးကြီးကိုရောင်တာပါဆရာ။
Parotitis တံတွေးထွက်အိတ်ရောင်ခြင်း https://dr-tint-swe.blogspot.com/2022/05/parotitis.html
ကုသနည်းစာ ပို့ထားပြီး။ ကုသနည်းအတိုင်း လုပ်ရမယ်။ ပျောက်ဖို့လည်း အချိန်ယူမယ်။
Treatment for Parotitis တံတွေးအိတ်ရောင်ခြင်း ကုသနည်းများ
Viral Parotitis ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအတွက် ဗိုင်းရပ်သေဆေး မရှိ။ ခံစားရတာကိုသာ သက်သောအောင် လုပ်ရမယ်။ နားပါ။ ရေသောက်မနည်းစေရ။ အနာ အရောင်သက်သာဆေးသောက်ပါ။
Vaccination against mumps ကာကွယ်ဆေးထိုးထာပါ။
Bacterial Parotitis ဘက်တီးရီးယေားကြောင့် ဖြစ်ခြင်း
Antibiotics ပဋိဇီဝဆေးပေးရမယ်။
Drainage of any abscesses ပြည်တည်နေရင် ထွက်စေအောင်လုပ်ရမယ်။
Sialolithiasis (Salivary Stones) ကျောက်တည်ခြင်း
Removal of the stones through surgery or endoscopy ကျောက်ကို တနည်းနည်းနဲ့ ဖယ်ထုတ်ရမယ်။
Other Causes အခြားရောဂါခံများ
diabetes ဆီးချို၊ autoimmune disorders ခုခံအားကမောက်ကမဖြစ်ခြင်း HIV စသည်။
salivary flow တံတွေးထွက်များတတ်တယ်။ sialagogues ဆေးပေးမယ်။
Home Remedies ကိုယ်တိုင်ပြုစုနည်း
Warm compresses ဖြစ်တဲ့နေရာကို အပူကပ်ခြင်း၊
pain relievers အနာသက်သာဆေးသောက်ခြင်း၊
Drinking plenty of fluids ရေနဲ့ အရည်များများသောက်ခြင်း၊
Good oral hygiene ခံတွင်းသန့်ရှင်းရေး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment