Tamoxifen ဆေးသောက်ချိန်

ဆရာရှင့် ကျွန်မက ရင်သာကင်ဆာဆေး Tamoxifen ဆေးသောက်နေဒါ(နေတာ) ၂ နှစ်ခွဲရှိပါပီး(ရှိပါပြီ)ရှင့် အခုလက်ရှိ ဆေးကို မနက် ၉ နာရီ ပုံမှန်သောက်နေဒါ(နေတာ)ပါ ဆရာ ရေထားဒါ ကင်ဆာ ဆေးတွေ့ ကညဘက် ပိုအလုပ်လုပ်တယ်ဖတ်လိုက်ရတယ် အဲဒါ ညဘက် ပြောင်းသောက်ရင် အစဥ်ပြေ(အဆင်ပြေ)လားရှင့် ကင်ဆာ ဆရာမက ၅ နှစ် မဟုတ်ဘူး ၁၀ နှစ်သောက်ရမယ်ပြောထားပါတယ်

Tamoxifen ဆေးသောက်ချိန်

မနက်ခင်းမှာဖြစ်ဖြစ် ညပိုင်းမှာဖြစ်ဖြစ် သောက်နိုင်တယ်။

အရေးကြီးတာက ကိုယ်သောက်နေကျအချိန်အတိုင်း သောက်ရမယ်။

နေ့လား ညလားဆိုတာ ဆေးသောက်တဲ့သူရဲ့ တနေ့တာအချိန်ဇယားအပေါ်မူတည်ပြီး ကိုယ်တိုင်ဆုံးဖြတ်ပါ။ တသမတ်တည်းအချိန်မှာ ဆေးသောက်ပါ။

ဆေးပညာစာတွေကို ဖတ်တာ ကောင်းပါတယ်။ ကောက်ချက်ဆွဲ မလွဲသင့်ပါ။ မရှင်းလင်းရင် ဆရာဝန်ကိုမေးပါ။

မနေ့ကတင်တဲ့စာမှာ ကင်ဆာကြောင့်နာခြင်းအကြောင်း ဖြစ်တယ်။ တချို့ကင်ဆာတွေက ညမှာနာတတ်လို့ Tamoxifen ဆေးကို ညသောက်ရမယ်လို့ထင်တာ မှားတယ်။

ကင်ဆာနဲ့ အစားအသောက်အကြောင်းစာတွေ မကြာခဏတင်ပြထားတယ်။

အရပ်ထဲမှာ ပြောချင်ရာပြောကြတာတွေကို မယုံပါနဲ့။

ဖေ့စ်ဘွတ်ကနေ ခြောက်ပြောတာတွေကို မယုံပါနဲ့။

ဆိုရှယ်မီဒီယာကနေ ဆေးရောင်းချင်၊ အသီးအရွက် အမြစ်တွေရောင်းချင်လို့ပြောကြတာတွေကို မယုံပါနဲ့။

မရှင်းလင်းရင် ဆရာဝန်ကိုမေးတာ ကောင်းတယ်။

အရာရာမှာ အတည့်အမှန် တွေးတတ်ကြပါစေသတည်း။

Tamoxifen ဆေး https://dr-tint-swe.blogspot.com/2022/11/tamoxifen_29.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ