Types of Rice Grains ဆန်အမျိုးမျိုးနှင့် ရရှိသော ကယ်လိုရီ
မေးခွန်းတခု = Wt gain ချင်သူမို့ ဆန်ပဲအားကိုးပါတယ် ဆန်ကြမ်း ဆန်ချော ဘယ်ကပိုတက်စေပါလဲ ဆရာကျန်းမာ သက်ရှည် ပါစေရှင့်။
ပြန်စာ
For weight gain ကိုယ်အလေးချိန်တိုးလိုသူများနဲ့ အင်နာဂျီ ခေါ် စွမ်းအင် ရလိုသူများအတွက် ဆန်အမျိုးအစားများ
Wild rice: 248 calories ဆန်ကြမ်း
Brown rice: 218 calories ဆန်လုံးညို
White rice: 205 calories ဆန်ဖြူ
Basmati rice: 121 calories ဘတ်စ်မာတီ
Jasmine rice: 110 calories ဂျက်စမင်း
ကိုယ်အလေးချိန်တိုးလိုသူတွေ ဘယ်လိုဆန်ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။
whole grain brown ဖြူဖွေးနေအောင်ချွတ်မထားတဲ့ ဆန်လုံးညိုနဲ့ whole grain red rice ဖြူဖွေးနေအောင်ချွတ်မထားတဲ့ ဆန်နီ တွေက ပိုပြီး အာဟာရဓါတ်များတယ်။ ဖိုက်ဘာ ပိုများတယ်။ အာဟာရဓါတ်ပိုပါဝင်တယ်။ ခွန်အား ပိုမိုရစေတယ်။ ဆန်နီဆိုတာ Purple rice မရန်းရောင်ဆန်လို့လည်းခေါ်တယ်။ ငချိပ် မဟုတ်ပါ။
athletes or bodybuilders အားကစားသမားများနဲ့ ခန္ဓာကိုယ်ပြုပြင်ရေးလုပ်သူတွေအတွက် white rice ဆန်းဖြူ ပိုသင့်တယ်။ အစာချက်တာ ပိုမြန်ဆန်တယ်။ သကြားဓါတ် ပိုများတယ်။
ကိုယ်အလေးချိန် တိုးချင် နည်းချင်သူတွေဟာ ဆန်တမျိုးတည်းကိုသာ သတိထားရတာတော့ မဟုတ်ပါ။ သီးခြားစာတွေ တင်ပြထားပါတယ်။ သိလိုသူများ မက်စင်ဂျာကနေ မေးနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment