Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး (၂)

သတ်သတ်လွတ်စားရင အသက်ပိုရှည်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။

သက်သတ်လွတ်စာခြင်းကြောင့် နှလုံးရောဂါနဲ့ ကင်ဆာတချို့ အဖြစ်နည်းနိုင်တယ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ ဒါပေမဲ့ နှလုံးရောဂါနဲ့ ကင်ဆာကာကွယ်ရေးနည်းလည်းထဲမှာတော့ ထည့်သွင်းထားခြင်းမရှိပါ။

အစုံးစား (အသားငါးစား) သူတွေက အကျိုးပိုရနိုင်လာတည်း ရှိတယ်။ ပရိုတင်းဓါတ်နဲ့ သံဓါတ်တို့အပြင် ဗီတာမင် ဘီ-၁၂၊ ကယလ်စီယမ်၊ ဇင့်ဓါတ်တွေလည်း အသားစားမှ ပိုရမယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဆိုတာ အသီးအရွက်၊ အသီးတွေစားသုံးခြင်းပါဝင်တာ မှန်ပါတယ်။ ဒါနဲ့ မလုံလောက်သေးပါ။ အစေ့အဆန်တွေ၊ ပဲတွေ၊ ပဲသီးတွေ၊ ကောင်းတဲ့အဆီ၊ အဆီနည်းအသား၊ ကြက်ဥ၊ ငါးနဲ့ နို့တွေ လိုအပ်ပါတယ်။

မြေထဲပင်လယ်စာက အကောင်းဆုံးလို့ ဆိုပါတယ်။ ငါး (ဆာမန်း) ပါတယ်။ သံလွင်ဆီပါတယ်။

လေ့လာမှုတခုအရ သက်သတ်လွတ်စားသူတွေဟာ အစုံးစားသူတွေထက် ၉့၆ နှစ်အသက်ပိုရှည်တယ်။

တခြားလေ့လာမှုတွေအရ ထူးမခြားနား။

Albert Einstein အဲလ်ဘတ် အိုင်းစတိုင်းက “သက်သတ်လွတ်စားတာလောက် ဆင့်ကဲပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာပေါ်မှာ သက်သတ်လွတ်စားဖို့ အခွင့်အလမ်းတွေ တိုးမြင့်လာသလို လူသားတွေရဲ့ ကျန်းမာရေးကို အကျိုးပြုမယ့် အခွင့်အလမ်းလည်း မရှိဘူး” လို့ ဆိုပါတယ်။

Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/09/vegetarianism.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ