Vitamin B-12 ဗီတာမင် ဘီ-၁၂


ဆရာခင်ဗျာ B12 နေ့စဥ်1000 အားကိုတပါတ်ဆယ်ရက်သောက်တာက အိပ်မပျော်ခြင်းကိုဖြစ်စေတတ်လား၊ ဆိုးကျိုးဖြစ်စေသလား သိချင်ပါတယ်ဆရာ။

သုတေသနတချို့အရ ဗီတာမင် ဘီ-၁၂ အကျိုးကျေးဇူးများ

နှလုံးနဲ့ သွေးကြောရောဂါရှိသူတွေမှာ homocysteine ဓါတ်များနေတာကို ဘီ-၁၂ ကနေ လျှော့ချပေးနိုင်လို့ အကျိုးရှိတယ်။

အားကစားလုပ်သူတွေအတွက်လည်း အင်နာဂျီပိုရစေတယ်လို့ ဆိုပါတယ်။ တိကျတဲ့အထောကအထား မတွေ့သေးပါ။

သေခြာတဲ့အချက်များ

ဗီတာမင် ဘီ-၁၂ က ယေဘုယျစိတ်ချရတယ်။

လူအများစုဟာ ပုံမှန်စားသောက်နေရင် ဗီတာမင် ဘီ-၁၂ မနည်းကြပါ။

သက်သတ်လွတ်စားသူတွေမှာ နည်းနေမယ်။

Celiac disease or Crohn's disease ရောဂါရှိသူတွေလည်း စုပ်ယူနိုင်စွမ်းနည်းလို့ လိုအပ်တယ်။

ကိုယ်ဝန်ဆောင်တွေကို ပေးသင့်တယ်။

ဘေးထွက်သက်ရောက်မှုများ

ညွှန်တဲ့အတိုင်းသောက်ရင် ဆိုးကျိုးမရနိုင်။

လူကြီး 2.4 mcg နဲ့ အသက်ကြီးသူတွေ 10 to 12 mcg လိုအပ်တယ်။

တချို့မှာ

Headache ခေါင်းကိုက်

Nausea ပျို့

Diarrhea ဝမ်းပျက်

Weakness အားနည်း

Tingling sensation in hands and feet ခြေလက်ထုံကျဉ် ဖြစ်နိုင်တယ်။

သိပ်များသွားရင် ကင်ဆာကို သတိထားရမယ်။ တင်ပါးဆုံးရိုးကျိုးတာ သတိထားရမယ်။

မေးခွန်းပါ အိပ်စက်ခြင်းနဲ့သက်ဆိုတာ မပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ