သွေးတိုး ဆီးချို ကိုလက်စထော

မေးခွန်းတခု = ဆရာရှင့် ကျွန်မရဲ့ ဖေဖေက အိပ်ရာကရုပ်တရတ်(ရုတ်တရက်) ထ ထိုင်ရင် ခေါင်နောက်ဖက် တလျှောက် ပူးကနဲ့ဖြစ်ပီ(ပြီး) ခဏတာ နာကျင်မှုကို ခံစားရပါတယ် အမြဲး(အမြဲ)တော့မဟုတ်ပါ တခါတရန်(တခါတရံ) ဖြစ်လေ့ဖြစ်ထ ရှိတာပါ ညပိုင်း အိပ်ရနိုးအချိန်ဖြစ်တာပါရှင့် စိုးရိန်(စိုးရိမ်)ရလား ကျေးဇူးပြုပီး(ပြီး) ပြောပြပေးပါဆရာ ဘာလုပ်ရမယ် လမ်းညွန်ပေးပါဆရာရှင့် ဖေဖေအတွက် စိတ်ပူလို့ပါ အိပ်ချိန်တွေလည်း ည်းပါတယ်ရှင့် ည 10/11 ထိနေပီး(ပြီး) နံနက်ခင်းကျ 4/5 နာရီ ထပါတယ်ရှင့် အိပ်ချိန် နဲ့များ ဆိုင်ပါသလားရှင့် ညကဖုန်းသတင်း နားထောင်းတာပါရှင့်။

မေးခွန်ပါ လူနာ အသက် မသိရ။ သွေးတိုး အထက်အောက်ဂဏန်း သိချင်။ ဆီးချို ရှိ မရှိ သိချင်။ လူက ဝ မဝ သိချင်။ အဲဒီအချက်အလက်တွေနဲ့ ထပ်မေးလိုက မေးနိုင်။

Hypertension သွေးတိုး

အသက် ၆၀ ကျော်သူတွေမှာ အများဆုံးတွေ့ရတယ်။

အသက် ၄၀-၅၉ ရှိသူတွေမှာလည်း များတယ်။

တခါတခါအသက်ကြီးတာနဲ့ မဆိုင်ဘဲ သွေးတိုးဖြစ်နိုင်တယ်။

Diabetes ဆီးချို

အသက် ၄၅ နှစ်နဲ့ အထက်အရွယ်တွေမှာ အများဆုံးတွေ့ရတယ်။

Centers for Disease Control and Prevention (CDC) လေ့လာမှုအရ ဒီအသက်မှာ ၉၀% ကနေ ၉၅% တေါ့ရတယ်။

cholesterol ကိုလက်စထော

အသက် ၄၀-၅၉ ရှိသူတွေမှာ များတယ်။

အမျိုးသား ၄၀-၄၉ နှစ်ရှိသူတွေက အသက် ၂၀-၃၉ ရှိသူတွေနဲ့ ၆၀ ကျော်တွေထက် ပိုများတယ်။

အမျိုးသမီး အသက် ၄၀-၅၉ မှာအများဆုံး။ ၂၀-၃၉ နှစ်ရှိသူတွေထက် များတယ်။

မှတ်ချက်

အသက် ၄၀ ရောက်ပြီဆိုတာနဲ့ သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော စစ်ထားသင့်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ