High blood pressure drug over cancer risk High blood pressure drug over cancer risk သွေးကျဆေးတမျိုးနှင့် ကင်ဆာ သတင်းအဟောင်း

မရှာဘဲနဲ့ တွေ့မိတာ ၂ ခု။

၂၀၁၉ ခုနှစ်က သတင်းစထွက်ကတည်းက ဘာသာပြန်ပြီး တင်ပြထားပါတယ်။ နောက် နှစ်ကြိမ်လောက် ထပ်တင်ရသေးတယ်။ အခု လာပြန်ပြီ။

- သတင်းထွက်တဲ့နေ့စွဲ မပါ။

- သတင်းရေးနည်း တိကျမှုမရှိ။

- အခုဘဲဖြစ်နေသလို ထင်မှတ်မှားစေနိုင်တယ်။

- လက်ရှိဆေးအမည်တူသောက်နေသူတွေကို ခြိမ်းခြောက်ရာကျနေတယ်။

အဲလို ခိုင်မာမှုမရှိ၊ တိကျခြင်းမရှိ၊ ဖြဲခြောက်တဲ့သတင်းဆိုရင် တယောက်ပြီးတယောက်က တင်ကြ ရှယ်ကြပြီ။ ဘယ်သူ့ကိုအကျိုးရှိမှာလဲ။

မင်းက အဲလိုထူဆန်းတာတင်နိုင်သူကြီးပါလား။ တယ်တော်ပါလားလို့ အထင်မခံချင်ပါနဲ့။

အဲဒီသတင်းဟောင်းက ၂၈-၂-၂၀၁၉ နေ့က စကာပူမှာထွက်တာ။

ကျွန်တော်က ၂၀၁၈ မတိုင်ခင် ယူကေကထွက်တာကို ဘာသာပြန်ပြီး ၄-၅-၂၀၂၁ နေ့က တင်ပြထားပြီးသား။

အဲလို အဟောင်းတွေ၊ အလွဲတွေ၊ မမှန်တာတွေဆိုရင် တယောက်ပြီးတယောက်က၊ တခါပြီးတခါ၊ တနှစ်ပြီးတနှစ် တင်နေကြတယ်။

သတင်းက အဟောင်း။ အချက်အလက်တွေက ဖေါင်းပွထားတာ ဖြစ်နေသည်။ သတင်းအတိအကျကို ဘာသာပြန်ပြီး တင်ပြထားပါတယ်။ ကြာပြီ။

HSA recalls 3 brands of high blood pressure drug over cancer risk

Published March 28, 2019

Updated March 29, 2019

Losartan potassium tablets သွေးကျဆေးသတင်း

- May 04, 2021

၁။ မင်္ဂလာပါဆရာ။ အခုတလော သွေးကျဆေး သုံးမျိုး(losartan ဆေးအမည်သုံးမျိုး)က ကာလရှည်စွဲသောက်ရင် ကင်ဆာရောဂါဖြစ် ပွါးစေတယ်လို့ ဆရာဝန်တယောက်က တင်ထားတာတွေ့ရတယ်ဆရာ။အရမ်းစိုးရိမ်မိပါတယ်ဆရာ။အရပ်ထဲမှာ သွေးကျဆေးတွေအတော်များများlosartanကို သောက်နေကြတာမို့ ဆရာ့အနေဖြင့် ရေးးသားပေးပါဆရာ။

အဲဒါ ရှေးတုန်းကစာ။ သတင်းထွက်ကတည်းက တိတိကျကျ ရေးပြီးတင်ပြထားတယ်။ ဘလော့မှာ ရှိတယ်။

၂။ မင်္ဂလာပါဆရာ အထက်ပါသတင်းကမှန်လားဆရာ အဲဒီသွေးကျဆေး ၃မျိုးက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တွေ့ရှိချက် တကယ်ပဲတွေ့တာလားခင်ဗျ အမေ့ကိုဆရာဝန်တဦးကညွန်းလို့ကျွေးတဲ့ဆေးထဲမှာတမျိုးပါလို့ပါ အမေက အသက် ၆၅ ပါခင်ဗျ ညမှာ သွေးညှိဆေးဆိုပြီး အထက်ပါဆေး ၂ မျိုးကို တသက်လုံးစားပါလို့ညွှန်းလိုစားတာ တနှစ်လောကရှိပါပြီ အထက်ကသတင်းမှာ losartan ပါနေလို့သိချင်ပါတယ်ခင်ဗျ

သတင်းထွက်ကတည်းက ရေးထားပါတယ်။ ၃-၄ ခါလည်း ပြန်တင်တယ်။

သွေးကျဆေး Losartin ပေးလျှင် ကင်ဆာဖြစ်နိုင်ကြောင်း အင်္ဂလန်မှာ သတိပေးစသဖြင့်ရေးသားပြီး သွေးတိုးအတွက် အသုံးများတဲ့ လိုဆာတင်သတင်းကို ဘာသာပြန်တင်နေကြတာတွေတွေ့တယ်။ ဆေးသတင်းအတိအကျကို တင်ပြပါမယ်။

၂၀၁၈ ခုနှစ် မကုန်မီက ယူအက်စ်မှာ အဲဒီသတင်းထွက်ပါတယ်။ FDA ကထုတ်ပြန်တဲ့ Voluntary Nationwide Recall လို့ခေါ်တယ်။ NDEA (N-Nitrosodiethylamine) Impurity အနည်းငယ်တွေလို့ဖြစ်တယ်။ ဆေးထုတ်လုပ်မှုနဲ့ဆိုင်တယ်။ Losartan ဆေးကနေ လူ ၁၀၀၀ မှာ ၁ ယောက် အများဆုံးဖြစ်တတ်တဲ့ ဘေးထွက် သက်ရောက်မှုတွေ ရှိတယ်။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ နေမကောင်း၊ ဝမ်းပျက်နဲ့ အဆစ်တွေ ကြွက်သားတွေနာခြင်း။ ယူအက်စ်မှာရော ယူကေမှာပါ ဒီဆေးကို ဆက်သုံးနေပါတယ်။

Torrent Pharmaceuticals Limited ဆေးကုမ္ပဏီကနေ Losartan potassium tablets, USP ဆေးတွေပြန်သိမ်းတယ်။ ဆေးအစုခုဖြစ်တယ်။ active pharmaceutical ingredient (API) ဓါတ်ပါနေလို့။ အဲတာကို Hetero Labs Limited ကနေထုတ်တာဖြစ်တယ်။ ကင်ဆာဖြစ်မလားသံသယရှိတဲ့ အဲဒီ API ဓါတ်ကို N-nitrosodiethylamine (NDEA) လို့ ခေါ်တယ်။

၁၃-၁၁-၂၀၁၈ နေ့စွဲပါသတင်းမှာ အဲလို မတော်တဆဖြစ်တာ တရုပ်ဓါတ်ခွဲခန်းတခုကလိုရေးထားတယ်။ Zhejiang Huahai Pharmaceutical Co. ကုမ္ပဏီကဖြစ်ပါတယ်။

ပြန်သိမ်းတဲ့ဆေးတွေကို ကုန်ထုတ်အမှတ်အသားတွေနဲ့ အတိအကျထုတ်ပြန်ထားတယ်။ Losartan Potassium Hydrochlorothiazide, 100-milligram/25-milligram tablets in 1,000-count plastic bottles ပလပ်စတစ်ပုလင်း ဖြစ်ပါတယ်။ NDC (National Drug Code) 0781-5207-10; Lot number JB8912; သက်တမ်းကုန်နေ့စွဲ 06/2020 ဖြစ်တယ်။ ဒီဆေးကို ယူအက်အေမှာ ၂၀၁၈ ခုနှစ် Oct. 8 နေ့ကဖြန့်ခဲ့တယ်။

Losartan ဆေးကို သွေးတိုးလူနာတွေ၊ သွေးတိုးကြောင့် နှလုံးဘယ်ဘက်ခန်းကြီးနေသူတွေနဲ့ ဆီးချိုကြောင့် အာရုံကြောရောင်နေသူတွေကိုပေးတယ်။

https://www.pharmacytimes.com/resource-centers/diabetes/recall-expanded-for-losartan-potassium-tablets

https://www.webmd.com/drug-medication/news/20181113/losartan-latest-bp-drug-recalled-for-contamination

https://www.fda.gov/Safety/Recalls/ucm628966.htm

တားမြစ်ခြင်းမရှိတဲLosartan ဆေးကို ပုံမှန်သုံးစွဲနိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

အဲဒီသတင်းဟောင်းက ၂၈-၂-၂၀၁၉ နေ့က စကာပူမှာထွက်တာ။

ကျွန်တော်က ၂၀၁၈ မတိုင်ခင် ယူကေကထွက်တာကို ဘာသာပြန်ပြီး ၄-၅-၂၀၂၁ နေ့က တင်ပြထားပြီးသား။

အဲလို အဟောင်းတွေ၊ အလွဲတွေ၊ မမှန်တာတွေဆိုရင် တယောက်ပြီးတယောက်က၊ တခါပြီးတခါ၊ တနှစ်ပြီးတနှစတင်နေကြတယ်။

သတင်းက အဟောင်း။ အချက်အလက်တွေက ဖေါင်းပွထားတာ ဖြစ်နေသည်။ သတင်းအတိအကျကို ဘာသာပြန်ပြီး တင်ပြထားပါတယ်။ ကြာပြီ။

HSA recalls 3 brands of high blood pressure drug over cancer risk

Published March 28, 2019

Updated March 29, 2019

Losartan potassium tablets သွေးကျဆေးသတင်း

- May 04, 2021

၁။ မင်္ဂလာပါဆရာ။ အခုတလော သွေးကျဆေး သုံးမျိုး(losartan ဆေးအမည်သုံးမျိုး)က ကာလရှည်စွဲသောက်ရင် ကင်ဆာရောဂါဖြစ် ပွါးစေတယ်လို့ ဆရာဝန်တယောက်က တင်ထားတာတွေ့ရတယ်ဆရာ။အရမ်းစိုးရိမ်မိပါတယ်ဆရာ။အရပ်ထဲမှာ သွေးကျဆေးတွေအတော်များများlosartanကို သောက်နေကြတာမို့ ဆရာ့အနေဖြင့် ရေးးသားပေးပါဆရာ။

အဲဒါ ရှေးတုန်းကစာ။ သတင်းထွက်ကတည်းက တိတိကျကျ ရေးပြီးတင်ပြထားတယ်။ ဘလော့မှာ ရှိတယ်။

၂။ မင်္ဂလာပါဆရာ အထက်ပါသတင်းကမှန်လားဆရာ အဲဒီသွေးကျဆေး ၃မျိုးက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တွေ့ရှိချက် တကယ်ပဲတွေ့တာလားခင်ဗျ အမေ့ကိုဆရာဝန်တဦးကညွန်းလို့ကျွေးတဲ့ဆေးထဲမှာတမျိုးပါလို့ပါ အမေက အသက် ၆၅ ပါခင်ဗျ ညမှာ သွေးညှိဆေးဆိုပြီး အထက်ပါဆေး ၂ မျိုးကို တသက်လုံးစားပါလို့ညွှန်းလို့ စားတာ တနှစ်လောက် ရှိပါပြီ အထက်ကသတင်းမှာ losartan ပါနေလို့သိချင်ပါတယ်ခင်ဗ

သတင်းထွက်ကတည်းက ရေးထားပါတယ်။ ၃-၄ ခါလည်း ပြန်တင်တယ်။

သွေးကျဆေး Losartin ပေးလျှင် ကင်ဆာဖြစ်နိုင်ကြောင်း အင်္ဂလန်မှာ သတိပေးစသဖြင့်ရေးသားပြီး သွေးတိုးအတွက် အသုံးများတဲ့ လိုဆာတင်သတင်းကို ဘာသာပြန်တင်နေကြတာတွေတွေ့တယ်။ ဆေးသတင်းအတိအကျကို တင်ပြပါမယ်။

၂၀၁၈ ခုနှစ် မကုန်မီက ယူအက်စ်မှာ အဲဒီသတင်းထွက်ပါတယ်။ FDA ကထုတ်ပြန်တဲ့ Voluntary Nationwide Recall လို့ခေါ်တယ်။ NDEA (N-Nitrosodiethylamine) Impurity အနည်းငယ်တွေလို့ဖြစ်တယ်။ ဆေးထုတ်လုပ်မှုနဲ့ဆိုင်တယ်။ Losartan ဆေးကနေ လူ ၁၀၀၀ မှာ ၁ ယောက် အများဆုံးဖြစ်တတ်တဲ့ ဘေးထွက် သက်ရောက်မှုတွေ ရှိတယ်။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ နေမကောင်း၊ ဝမ်းပျက်နဲ့ အဆစ်တွေ ကြွက်သားတွေနာခြင်း။ ယူအက်စ်မှာရော ယူကေမှာပါ ဒီဆေးကို ဆက်သုံးနေပါတယ်။

Torrent Pharmaceuticals Limited ဆေးကုမ္ပဏီကနေ Losartan potassium tablets, USP ဆေးတွေပြန်သိမ်းတယ်။ ဆေးအစုခုဖြစ်တယ်။ active pharmaceutical ingredient (API) ဓါတ်ပါနေလို့။ အဲတာကို Hetero Labs Limited ကနေထုတ်တာဖြစ်တယ်။ ကင်ဆာဖြစ်မလားသံသယရှိတဲ့ အဲဒီ API ဓါတ်ကို N-nitrosodiethylamine (NDEA) လို့ ခေါ်တယ်။

၁၃-၁၁-၂၀၁၈ နေ့စွဲပါသတင်းမှာ အဲလို မတော်တဆဖြစ်တာ တရုပ်ဓါတ်ခွဲခန်းတခုကလို့ ရေးထားတယ်။ Zhejiang Huahai Pharmaceutical Co. ကုမ္ပဏီကဖြစ်ပါတယ်။

ပြန်သိမ်းတဲ့ဆေးတွေကို ကုန်ထုတ်အမှတ်အသားတွေနဲ့ အတိအကျထုတ်ပြန်ထားတယ်။ Losartan Potassium Hydrochlorothiazide, 100-milligram/25-milligram tablets in 1,000-count plastic bottles ပလပ်စတစ်ပုလင်း ဖြစ်ပါတယ်။ NDC (National Drug Code) 0781-5207-10; Lot number JB8912; သက်တမ်းကုန်နေ့စွဲ 06/2020 ဖြစ်တယ်။ ဒီဆေးကို ယူအက်အေမှာ ၂၀၁၈ ခုနှစ် Oct. 8 နေ့ကဖြန့်ခဲ့တယ်။

Losartan ဆေးကို သွေးတိုးလူနာတွေ၊ သွေးတိုးကြောင့် နှလုံးဘယ်ဘက်ခန်းကြီးနေသူတွေနဲ့ ဆီးချိုကြောင့် အာရုံကြောရောင်နေသူတွေကိုပေးတယ်။

https://www.pharmacytimes.com/resource-centers/diabetes/recall-expanded-for-losartan-potassium-tablets

https://www.webmd.com/drug-medication/news/20181113/losartan-latest-bp-drug-recalled-for-contamination

https://www.fda.gov/Safety/Recalls/ucm628966.htm

တားမြစ်ခြင်းမရှိတဲ့ Losartan ဆေးကို ပုံမှန်သုံးစွဲနိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ