Sweet Potato ကန်စွန်းဥ

၁။ Sweet potato များက လေးဖက်နာနဲ့ကော တည့်ပါသလားဆရာ။

လေးဘက်နာ ဟုတ် မဟုတ် မသိပါ။

မေးခွန်းတွေထဲက လေးဘက်နာဆိုတာတွေကို ပြန်ပြီး စစ်ဆေးမေးကြည့်တော့ လေးဘက်နာ မဟုတ်တာက ပိုများတယ်။

လေးဘက်နာဆိုတာ အစားအသောက်ကြောင့်ဖြစ်တာ မဟုတ်ပါ။

၂။ ဆရာရှင် သမီးရင်သားကင်စာဆေးသွင်းပြီးပါပြီ၊ ငါးနှစ်ဆေးသောက်နေပါတယ်၊ ဆီးချိုရှိပါတယ်၊ အင်ဆူလင်ထိုးနေရပါတယ်၊ အသက် ၄၀ ပါ ကန်စွန်းဥကြိုက်ပါတယ် ကင်ဆာသမား‌နဲ့မတဲ့ဘူးပြောလို့ဟုတ်ပါသလား

အမေရိကနသုတရှာစရာနေရာတွေမှာ မတူတဲ့အမြင်တွေ ရေးထားတယ်။

၁။ ဆီးချိုရှိသူတွေ ကန်စွန်းဥ စားနိုင်သတဲ့။

၂။ သင့်တော့သင်တယ်။ အတိုင်းအဆ မများပါနဲ့တဲ့။

- အာလူးနဲ့ ကစွန်းဥလို မြေအောင်းဥတွေမှာ ကစီဓါတ်များတယ်။ ကယ်လိုရီ များများရတယ်။ ကိုယ်အလေးချိန်ထိန်းသူတွေ နည်းနည်းသာ စားသင့်တယ်။ ဆီးချိုရှိသူတွေလည်း နည်းနည်းလေးသာ စားသင့်တယ်။

- ပိုတိကျအောင်ပြောရရင် အာလူးတိုင်းက မတူပြန်ပါ။ တချို့အာလူးက ပိုချိုတယ်။ ကစွန်းဥလည်း အဲလိုဘဲ။

အချုပ် -

၁။ ကိုယ့်သကြားဓါတ် အနည်းအများ သိနေပါ။

၂။ ကိုယ်စားတဲ့ အစားအစာထဲမှာပါတဲ့ သကြားဓါတ်အနည်းအများလည်း သိပါ။

၃။ သွေးထဲကသကြားဓါတ်ဟာ အစာနဲ့ အနီးအဝေးအရ တက်လိုကကျလိုက်နေတယ်။

Rheumatoid Arthritis Diagnosis လေးဘက်နာရောဂါ စစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2025/10/rheumatoid-arthritis-diagnosis.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ