The subconscious mind အငုံစိတ်

အငုံ့စိတ်လို့ ရေးနေကြတာ မှားတယ်။

အငုံစိတ်အကြောင်း မြန်မာလို တယောက်တမျိုးရေးနေကြတာတွေ တွေ့ပါတယ်။

စိတ်ပညာအရ တင်ပြပါမယ်။

ပုံမှန်သိစိတ်ရှိနေစဉ်မှာ ပြောဆို၊ ရေးသားလုပ်ကိုင်တာမျိုး မဟုတ်ဘဲ၊ မသိစိတ်ကနေ လုပ်ဆောင်နေတာမျိုးကို ဆိုလိုတယ်။

အဲလိုလုပ်ဆောင်မှုတွေဟာ

Stores information သိမ်းဆည်းထားတဲ့ မှတ်မိစရာတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ၊ အလေ့အကျင့်တွေကနေ လွှမ်းမိုးပြီး ဖြစ်စေတယ်။ အတွေးကိုလည်းကောင်း အမူအကျင့်ကိုလည်း လွှမ်းမိုးလို့ ဖြစ်တယ်။

ပုံမှန်လုပ်ဆောင်ခြင်းတွေနဲ့ ခြားနားလေ့ရှိတယ်။ လုပ်ဆောင်ချိန်မှာ အမှန်ကယ်လို့ မှတ်ယူ၊ ယုံကြည်လို့ဖြစ်တယ်။ အိပ်မက်သဘော မဟုတ်ပါ။

ထူးခြားချက်များ

Automates functions ကိုယ်ခန္ဓာက အလိုအလျှောက် လုပ်ဆောင်နိုင်စွမ်းတွေကြောင့်ဖြစ်တယ်။ ဥပမာ အသက်ရှခြင်းနဲ့ နှလုံးခုန်ခြင်းကို လူ့စိတ်ကနေ ထိန်းကြောင်းလို့ မရသလိုမျိုး။

Drives habits and behaviors လုပ်နေပြုနေကျ အမူအကျင့်တွေကနေလာတယ်။

Sparks creativity and intuition တီထွင်နိုင်စွမ်းနဲ့ ဝမ်းတွင်းသိခေါ်ဗီဇစိတ်တွေက လွှမ်းမိုးနေတယ်။

Influences decisions သိစိတ်ကနေလုပ်တာဖြစ်စေ မသိစိတ်ကနေလုပ်တာဖြစ်စေ ဆုံးဖြတ်ချက်ချမှုတွေအပေါ် သက်ရောက်စေပါတယ်။

အငုံစိတ်ဟာ အံ့သြလောက်အောင် စွမ်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ