Triamcinolone Acetonide ဆေး
မဂ်လာပါ ဒေါက်တာ နှင်းခူးနာအကြောင်း နဲ့ ကုသနည်း လေး သိချင်လို့ပါ ခင်ဗျာ ပြီးတော့ ဆရာ နှင်းခူနာ ကို ကုသ ကြတာ လက်တွေ့ ၊တွေ့မြင်နေရတာလေး တခု ပါ အရေပြား အောက်ကို ထိုးသွင်း ကုသတာ တွေ့ရပြီး တဖြည်းဖြည်း ပျောက်ကင်းတာ လည်းတွေ့ရပါတယ် အနာတော့ ပျောက်သွားပေမဲ့ အရေပြား မှာ အဖြူရောင် ဖြစ်ကျန် ခဲ့ပါတယ် အမာရွတ်ပျောက်ဆေး လိမ်းတော့ သက်သာ ပျောက်ကင်းသွားတာ တွေ့ရပါတယ် ထိုးဆေး ကတော့ Trade name က SIVKORT ဆိုပြီးတော့ မှ Triamcinolone Acetonide 8.0mg ဆိုတဲ့ ဆေးဖြစ်တာ တွေ့ရပါတယ် ခင်ဗျာ အဲ့ဆေးက နှင်းခူးနာ ကုသရာမှာ သုံးတာလား တခြား လား ဆိုတာရော ဘေးထွက်ဆိုးကျိုးရော ဘယ်လို သက်ရောက်မှု ရှိပါသလဲဆိုတာ သိချင်ပါတယ် ခင်ဗျာ နှင်းခူ နာ ဖြစ်နေတဲ့ အနာအောက် အရေပြားအောက်ကို ဆေးထိုးသွင်းတာဖြစ်ပါတယ် ကျနော် ကိုယ်တိုင် လည်း အသက် ၁၅နှစ် ဝန်းကျင် က လက်ချောင်းနှစ်ဘက် လုံးမှာ ဝဲ အနာ ပေါက်ခဲ့ပါတယ် အဲ့တုန်းက ဆရာဝန်နဲ့ ပြသ ကုသခဲ့တာ မဟုတ်ခဲ့ဘဲ အရပ်ထဲ ခိုးကု တဲ့ ဆရာနဲ့ ဘဲ ကုသခဲ့တယ် အဲ့ဆရာ က လည်း အဲ့ဒီဆေးကို တတ်ကျွမ်းလို့ မဟုတ်ဘဲ ဆရာ့ ဆရာတွေကနေတဆင့် ကြားသိမှတ်သား ရမ်းပြီးကုသ ခဲ့တာ အရေပြားအောက် ဆေးထိုးသွင်းတာ ပျောက်ကင်းခဲ့ပါတယ် အမာရွတ် အဖြူရောင် ကျန်တာ ကို ကျိတ်မှန်ရွက် ညစ်ပြီး အရည် နဲ့ လိမ်းခဲ့တာ ပျောက်ကင်းခဲ့ပါတယ် အဲ့တုန်းက ဆေးက လည်း SIVKORT ဆိုတဲ့ နာမည်နဲ့ဆေးပါဘဲ ဆရာ အဲ့ဒီဆေးအကြောင်း ပြည့်ပြည့်စုံစုံ နဲ့ နှင်းခူ နာ ကုသရာမှာ သုံးတဲ့ နည်းမှန် မှန် နဲ့ ကုသနည်း အစစ်အမှန် သိချင်လို့ပါ ညွှန်ကြား ပေးပါ ဆရာခင်ဗျာ ကျေးဇူးတင်ပါတယ် ဒေါက်တာ အဲ့ဒီဆေးအကြောင်း ပြည့်ပြည့်စုံစုံ နဲ့ နှင်းခူ နာ ကုသရာမှာ သုံးတဲ့ နည်းမှန် မှန် နဲ့ ကုသနည်း အစစ်အမှန် သိချင်လို့ပါ ညွှန်ကြား ပေးပါ ဆရာခင်ဗျာ စား မှာလို့ပါ ဆရာ ကုသရာမှာ အဲ့ဒီဆေး သုံးတာ နည်းမှန်မမှန် သိလို။
Triamcinolone acetonide ဆေး
corticosteroid ဆေးအမျိုးအစားတခုဖြစ်တယ်။ အသင့်အတင့်ကနေ အပြင်စားအဆင့်ရှိတယ်။ ရောင်ခြင်းနဲ့ ယားခြင်းအတွက် ပေးတယ်။ ခုခံအားကိုနှိမ်ပေးတဲ့ဆေး။
Topical Cream, Ointment, Lotion, or Aerosol Spray လိမ်းဆေးအမျိုးမျိုးနဲ့ ရောင်းတယ်။
eczema, psoriasis, dermatitis, poison ivy, and allergic reactions နှင်းခူအပါအဝင် အရေပြားရောဂါအမျိုးမျိုးအတွက် သုံးတယ်။
Dental Paste (canker sores) ပါးစပ်နှုတ်ခမ်းဆေး၊
Nasal Spray (Nasacort) နှာခေါင်းထည့်ဆေး၊
allergic rhinitis (hay fever) အလာဂျီ၊
Injectable Solution ထိုးဆေးကို အဆစ်၊ ကီးလွိုက်အမာရွတ်၊ ဆေး၊
Intravitreal Injection ခါးဆစ်ထိုးဆေးအတွက်သုံးတယ်။
Common Side Effects ဘေးထွက်သက်ရောက်မှုများ
ပူလောင်၊ ယား၊ အနေရခက်၊ အရေပြားခြောက်၊ အရေပြားပါး၊ အရေပြားအရောင်ပြောင်း၊ ဝက်ခြံထွက်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment