Alcohol မေးလို့တော့ ဖြေရပါဦးမည်
ဆရာခင်ဗျာ တခုလောက် ဖြေကြားစေချင်ပါတယ် မြန်မာ မိန်းကလေးတွေ အရက်သောက်တာနဲ့ ပတ်သတ်ပြီးဘယ်လိုမြင်ပါသလဲ၊ မြန်မာမိန်းကလေးတွေက အရက်သောက်တာမဟုတ်ဘူး။ ဆိုဂျူး(soju)သောက်တာလို့ ဆိုပါတယ်၊ အဲဒီ ဆိုဂျူးလည်း အရက်ပါပဲ၊ အဲဒါကို သောက်တာ မကောင်းဘူး ပြောတော့ မြန်မာမိန်းကလေးတွေ အရက်မသောက်ရဘူးလို့ ဘယ်ကျမ်းစာထဲမှာ ပါလဲလို့ အမေးခံရပါတယ်။ အခုက ၂၁ရာစုလေလို့လဲ ပြန်ပြောပါတယ်။ တခြားနိုင်ငံက မိန်းကလေးတွေ သောက်တာ မပြောလိုပါ။ အဲတော့ မြန်မာ မိန်းကလေးတွေအရက်၊ ဆိုဂျူး၊ ဝိုင် အဲဒါတွေ သောက်တာ ဘယ်လို မြင်ပါသလဲခင်ဗျာ။
မေးလို့တော့ ဖြေရပါဦးမည်။
အမည်တွေ ဘယ်လိုခေါ်ခေါ် အယ်လ်ကိုဟောဖြစ်ပါတယ်။ ဓါတုဗေဒလို Ethyl alcohol or C₂H₅OH ဖြစ်တယ်။
အရက်အမျိုးအမည်တိုင်းမှာ အယ်လ်ကိုဟော ABV (Alcohol by Volume) ဘယ်လောက်ပါသလဲ မတူကြပါ။
Beer (4-8%)
Wine (9-16%)
Fortified Wines (17-24%)
Spirits (Vodka, Whiskey, Rum, Gin, Tequila) 40% to 95%
Liqueurs 15-60%
နောက်တချက်
အရက် သောက်သုံးမှု ပဏာမ၊ အကြိမ်ရေ၊ အချိန်ကာလတွေအရ လူ့ခန္ဓာကိုယ် (အသည်းနဲ့ ဦးနှောက်၊ နှလုံး၊ အစာခြေစနစ်၊ ခုခံအား) စတာတွေအပေါ် သက်ရောက်တယ်။
liver (fatty liver, hepatitis, cirrhosis)
brain (memory, decision-making, shrinkage)
heart (high blood pressure, irregular rhythms, failure)
pancreas (inflammation, pain)
GI tract (ulcers, gastritis, cancer risk)
weakens the immune system
increases risks for various cancers, high blood pressure, and diabetes complications, with effects ranging from acute issues to long-term, irreversible damage တခုစီကို ဘာသာမပြန်တော့ပါ။
စိတ်ပိုင်းဆိုင်ရာကိုလည်း အမျိုးမျိုး သက်ရောက်တယ်။
Short-Term Effects (Intoxication) ရေတိုသက်ရောက်မှုများ
Impaired Communication: Alcohol interferes with neurotransmitters, slowing down signals between brain cells.
Loss of Control: Affects the frontal lobe, leading to poor judgment, lowered inhibitions, and mood swings.
Coordination Issues: Impacts the cerebellum, causing balance problems, slurred speech, and poor motor skills.
Memory Lapses: The hippocampus (memory center) can't form new long-term memories, causing blackouts.
Long-Term Effects (Chronic Heavy Drinking) ရေရှည်သက်ရောက်မှုများ
Brain Structure Changes: Can lead to brain shrinkage (atrophy) and neuron damage, affecting gray and white matter.
Cognitive Decline: Causes persistent problems with memory, attention, problem-solving, and learning new things.
Mental Health: Increases risk and severity of depression, anxiety, irritability, and can cause hallucinations in severe cases.
Nervous System Damage: May result in nerve pain (neuropathy) and seizures.
Increased Risk of Dementia: Heavy drinking is linked to alcohol-related dementia.
ဘာသာမပြန်တော့ပါ။
နောက်တချက်
အရက်ကြောင့် လူမှုဆက်ဆံရေးထိခိုက်တယ်။ အတူတူသမားအချင်းချင်း ပေါင်းသင်းလို့ရပေမဲ့ မတူသူတွေက အထင်အမြင်သေးကြတယ်။ ရှောင်ကြတယ်။
နောက်တချက်
ကမ္ဘာပေါ်မှာ လက်နက်အရောင်းအဝယ်၊ ရေနံ၊ မူးယစ်ဆေး၊ ကျားဖြန့်နဲ့အတူ အရက်လုပ်ငန်းဟာ အကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးတခုဖြစ်တယ်။ ဝယ်ချင်အောင်၊ သောက်ချင်အောင် နည်းပေါင်းများစွာနဲ့ ဆွဲဆောင်ကြတယ်။
နောက်ဆုံးတချက်
ခေတ်က ဆုတ်ကပ်။ ဘုရားဟောလည်း မရသူတွေ၊ တရားဟောလည်း မရနိုင်သူတွေ၊ လူကြီးမိဘဆုံးမလည်း မရနိုင်သူတွေ၊ ဆရာဝန်တွေ ပြောဟောလည်း မရနိုင်သူတွေ ဦးရေ တိုးတိုးလာနေပါတယ်။
အရက်ကို စာနဲ့ဖြတ်မယ်ဆိုတဲ့အကြောင်း မကြာခဏတင်ပြထားပါတယ်။ ကြာပါပြီ။ သောက်သုံးသူဦးရေ မလျော့မှန်းလည် သိပါတယ်။ ဆက်တော့ရေးနေရမှာဘဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment