Aspirin (acetylsalicylic acid) အက်စပရင်

ကျွန်တော်အမည် ( - ) ဖြစ်ပါတယ်။ အသက် (၅၃)နှစ် ပါ။ လွန်ခဲ့သော (၅)နှစ်က ကြာကြာရပ်ပြီးအတင်အချလုပ်ရတဲ့ လုပ်ငန်းခွင်ကြောင့် ဘယ်ဘက်ဒူး နာလာပြီး Meniscus ကို Surgery လုပ်ခဲ့သော်လည်း နဂိုအခြေ အနေတော့ ပြန်မရတော့ပါဘူး။ ယခုအခါ ညာဘက်ဒူးကလည်း ထိုင်ရာမှထလျှင် နာပြီးတောင့်သလိုဖြစ်လို့ အလုပ်ကနားလိုက်ရပါပြီ။ ကျွန်တော် သောက်နေရတဲ့ဆေးတမျိုးအကြောင်းသိချင်ပါသဖြင့် ဖြေကြားပေးပါရန် မေးမြန်းလိုက်ရပါသည်။ Acetylsalicytic acid (80mg) ဆေးကို တနေ့တကြိမ် ရေမှာကွဲအောင်လုပ်ပြီးသောက်နေရပါတယ်။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးရယ်၊ ဘယ်လောက်အချိန်ထိ သောက်သင့်တယ်ဆိုတာရယ် သိချင်ပါတယ်။

ပြန်စာ

Aspirin (အက်စပရင်)၊ Ibuprofen (အိုင်ဘူပရိုဖင်)၊ Naproxen (နက်ပရောက်ဆင်) နဲ့ Nabumetone (နဗြူမီတုံး) တွေကို အများဆုံး နာတာအတွက် သုံးတယ်။ အဖျားလဲကျမယ်။ အရောင်လဲလျှော့မယ်။ Arthritis, Bursitis and Tendonitis အဆစ်နာတာတွေအတွက် သုံးတယ်။ ခေါင်းကိုက်၊ အအေးမိ-ချောင်းဆိုး၊ ထိခိုက်ဒဏ်ရာရလို့နာတာ၊ Menstrual cramps ရာသီလာလို့နာတာအတွက်လဲ သုံးနိုင်တယ်။

Aspirin (အက်စပရင်) တမျိုးတည်းကိုသာ Strokes (စထုပ်ခ်) နဲ့ Heart attacks နှလုံး (အတက်ခ်) ရမှာ ကာကွယ်ဘို့ သုံးတယ်။ (အက်စ်ပရင်) ကို သွေးမခဲစေအောင် သုံးတာဖြစ်တယ်။ ၄-၇ ရက်အထိ အချိန်ဆွဲပေးတယ်။

Aspirin (အက်စပရင်) ဘယ်လောက်ပေးမလဲ -

Ankylosing Spondylitis, Osteoarthritis, Rheumatoid arthritis, SLE-associated arthritis and pleurisy တနေ့ 3 grams ကို အကြိမ်ခွဲပေး။

Fever Pain = 325 to 650 mg ၄ နာရီတခါ။ တနေ့မှာ 4 g/day ထက်မပိုရ။

Rheumatic Fever = 80 mg/kg/day ကို တနေ့ ၄ ကြိမ်ခွဲပေးပါ။ တနေ့ 6.5 g/day အထိပေးနိုင်။

Myocardial Infarction = 160 to 162.5 mg တနေ့ ၁ ကြိမ်၊ ၃ဝ ရက်။

Ischemic Stroke = 50 to 325 mg တနေ့ ၁ ကြိမ်။

Angina Pectoris = 75 mg to 325 mg တနေ့ ၁ ကြိမ်။

Angina Pectoris Prophylaxis = 75 mg to 325 mg တနေ့ ၁ ကြိမ်။

Thromboembolic Stroke Prophylaxis = 75 mg to 325 mg တနေ့ ၁ ကြိမ်။

Myocardial Infarction Prophylaxis = 75 mg to 325 mg တနေ့ ၁ ကြိမ်။

Ischemic Stroke Prophylaxis = 75 mg to 325 mg တနေ့ ၁ ကြိမ်။

Coronary artery bypass graft = 325 mg တနေ့ ၁ ကြိမ်။

Percutaneous transluminal coronary angiography = 325 mg ကို မခွဲမီ ၂ နာရီကြိုပေး။ ထိုနောက် 160 to 325 mg တနေ့ ၁ ကြိမ်။

Carotid endarterectomy = 80 mg orally တနေ့ ၁ ကြိမ်ကနေ 650 mg ၂ ကြိမ်အထိ။

Aspirin (အက်စပရင်) ဘေးထွက်သက်ရောက်မှုများ

ရင်ပူ၊ ဗိုက်အနေရခက်။ သွေးထွက်၊ သွေးခြည်ဥ၊ နားထဲမည်ဖြစ်နိုင်။ ကျောက်ကပ်သတိထားရမယ်။ ဆီးအရောင်ပြောင်းရင် ဆရာဝန်ပြပါ။

ဖြည့်စွက်ချက်

ဒီစာကို ၂၅-၁၂-၂၀၁၆ နေ့က ရေးပါတယ်။ ၂၀၂၅ ခုနှစ်မကုန်ခင်မှာတော့ ဖြေရတဲ့ဆရာဝန်ပါ Baby Aspirin 81 mg တနေ့တပြားကို သွေးကျဲဆေးအဖြစ် သောက်နေရပါသည်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ