ထမင်းဘယ်ကရ ထမင်းအိုးထဲကရ
ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါရှင်။
ဟုတ်ပါရဲ့လား။ ကျွန်တော်က မီးဖိုချောင် မဝင်ရတာ ဆယ်စုနှစ်တွေအတော်ကြာပြီ။
ဆေးကျောင်းသားဘဝ အခန်းထဲမှာ တခါတခါထမင်းချက်ဖူးတယ်။ ဆန်ကို ရေမစိမ်ပါ။ ဘာဆန်လဲ မမှတ်မိတော့ဘူး။ မဆလ ခေတ်ကဆန်။ သူငယ်ချင်းတွေချက်လည်း ရေမစိမ်ကြပါ။ ချက်သမျှ ပြောင်အောင်စားကြတယ်။
အခုလည်း အိမ်မှာ ဘယ်သူက တမင်းအိုးတည်တည် ဆန်ကိုရေစိမ်ကြတယ်လို့ မထင်။ ဒီမှာ ဝယ်လို့ရတဲ့ ဘာ့စမာတီ နဲ့ ထိုင်းဆန်။
ငယ်ငယ်လေးတုန်းက အမေလည်း ထမင်းမချက်ခင် ဆန်ထဲက စပါးလုံးရွေး၊ ဆန်ကို ၂ ထပ်လောက်ဆေးပြီး ထမင်းအိုးတည်တယ်။
မှတ်မိသလောက် အတော်ငယ်ငယ် ရွာမှာလည်း အမေချက်သလိုသာ ချက်ကြတယ်ထင်တယ်။
အခုခေတ်မှာတော့ လျှပ်စစ်ပေါင်းအိုးသာ သုံးကြတယ်။
သတိထားမိသလောက် ဟိုအရင်က မြန်မာပြည်မှာ ဆန်တွေက အမျိုးမျိုး။ ဆန်တမျိုးတည်းမှာတောင် ဆန်သစ်နဲ့ ဆန်ဟောင်း ချက်ရတာမတူ။ ဆန်သစ်က ခက်တယ်။ သိပ်ဟောင်းပြန်ရင်လည်း မကောင်းပြန်။
- တယောက်ပြီးတယောက်က တင်တာတို့၊
- အကောင်းဆုံးတို့
- အဆိုးဆုံးတို့
- အနီအမှား အစိမ်းအမှန် ပြတာတို့၊
- မြန်မာစာလို့ ခေါင်းစဉ်တပ်ထားတာတို့ကို သတိကြီးစွားထားပါလေ။
The Best Rice Cooker is Small But Mighty—And Only Has One Button | Epicurious
မက်ဆေ့ချ်တခု = ခုထိနို့ဆီခွက်နဲ့ချင်ပြီးသုံးတတ်ပါသည် ထမင်းအိုးဝယ်စဉ်ကပါသည့်ပလပ်စတစ်ခွက်ကိုမသုံးပါ
A standard can of sweetened condensed milk နိုဆီဗူးတဗူးဟာ ထုထည်အားဖြင့် 10 fluid ounces အောင်စရှိတယ်။
1 အောင်စမှာ 29.6 ml ရှိတယ်။ ၁၀ အောင်မှာ 296 ml ထုထည်ရှိတယ်။
A rice cooker measuring cup ထမင်းချက်ပေါင်းအိုးနဲ့အတူပါတဲ့ ဆန်ချင်ခွက်ဟာ 180 ml ထုထည်ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment