လာပြန်ပြီ နောက်တမျိုး

ဒီတခါ အခါးတဲ့။

ပုံနဲ့စာကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အောက်မှာလည်း ကျေးဇူးတွေ၊ သာဓုတွေများတယ်။

ဆေးသုတေသနအရ ရေးပါမယ်။

ခါးတဲ့အရသာရှိတဲ့ အစားအသောက်တွေကနေ လေဖြတ်ခြင်းကို မဖြစ်စေနိုင်။

အမှန်တကယ်အားဖြင့် လေဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်တခုအဖြစ် ခါးတဲ့အရသာကို ရလာစေတတ်တယ်။

လေဖြတ်ရာကနေ အရသာပြောင်းလဲခြင်းနောက်ဆက်တွဲဖြစ်ပေါ်လာတာ။

လေဖြတ်လူနာများရဲ့ ၃၈ ရာခိုင်နှုန်းအထိ တွေ့ရနိုင်တယ်။ အရသာနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်း ပျက်စီးသွားသောအခါ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

အရသာခါးခြင်းသည် လေဖြတ်ခြင်းအကြောင်းရင်းမဟုတ်ပါ။ လက္ခဏာတရပ်သာဖြစ်တယ်။

လေဖြတ်ပြီးနောက် အချို့လူနာများမှာ ရုတ်တရက် ခါးသလို သို့မဟုတ် သံလိုက်သံလိုက် အရသာ ခံစားကြရတယ်။

မှတ်ရန်

ဆေးပညာနဲ့ ကျန်းမာအကြောင်း ရေးသူ၊ ကူးတင်သူ၊ ကိုးကားသူတွေ သသတင်းအချက်အလက်မှန်ကိုသာ အားကိုးရမယ်။

ဖတ်တဲ့သူတွေ မျက်လုံးပြူးအောင်၊ ကြောက်လန့်အောင်၊ ကိုယ်တင်တာ လူဖတ်များအောင်၊ ရောင်းကောင်းအောင် မလုပ်ရပါ။ မလုပ်ကြပါနဲ့။

တမာရွက်၊ ကြက်ဟင်းခါးသီး၊ ခွေးတောက်ရွက်၊ မုန်ညင်းခါးရွက်၊ ကြောင်ရှာသီး၊ သင်္ဘောရွက်၊ ဟင်းငုတ်ပွင့် ရောင်းတဲ့သူတွေနဲ့ မတည့်ကြလို့လား။

တည့်အောင်နေကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ