Calendar Age vs. Brain Age ဇာတာသက်နဲ့ ဦးနှောက်သက်

ပြက္ခဒိန်တနှစ်ကူးတော့ အသက်တနှစ်ပိုကြီးကြသည်။ ဇာတာသက်သာဖြစ်ပါသည်။

လူတိုင်းမှာ ဇာတာသက်နဲ့ မတူတာတွေရှိကြသည်။

ပြက္ခဒိန်အသက်ဆိုတာ မွေးသက္ကရာဇ်အပေါ် အခြေခံထားတဲ့ အမှန်တကယ် အသက်ဖြစ်ပြီး၊ ဦးနှောက်အသက်ဆိုတာ MRI စကင်များအပေါ် AI ကို အသုံးပြုကာ ခန့်မှန်းထားတဲ့ ဦးနှောက်ရဲ့ ဇီဝဗေဒဆိုင်ရာ ကျန်းမာရေးအခြေအနေကို ပြထားတဲ့ အသက်ဖြစ်ပါတယ်။

ဤနှစ်မျိုးကြားရှိ ကွာခြားချက်ကို ဦးနှောက်အသက်ကွာဟမှု (Brain Age Gap BAG) လို့ ခေါ်တယ်။ BAG မြင့်မားခြင်း (ဦးနှောက်အသကပိုကြီး) သညအသက်အိုခြင်း လျင်မြန်လာခြင်းနှင့် မှတ်ဉာဏ်လျော့နည်းခြင်း သို့မဟုတ် ဒီမင်ရှား ဖြစ်နိုင်ချေ မြင့်မားလာခြင်းကို ပြသနိုင်ပြီးBAG နိမ့်ခြင်း (ဦးနှောက်အသက် ပိုငယ်) သည် ဦးနှောက်ကျန်းမာရေး ကောင်းမွန်နေကြောင်း ပြသပါတယ်။

အဲလိုကွာခြားမှုကို ပညာရေးအဆင့်၊ လေ့ကျင့်ခန်းလုပ်ရင်းနေထိုင်မှု၊ အစားအစာအလေ့အကျင့် စတဲ့ အချက်တွေက သက်ရောက်စေတယ်။

ကျန်းမာသူတွေမှာ အများအားဖြင့် ဦးနှောက်၏သက်က ပြက္ခဒိန်အသက်ထက် နိမ့်နေတတ်ပါတယ်။

အပြုသဘော

BAG (ဦးနှောက် ပိုအို) ဦးနှောက်အသက်အိုခြင်း လျင်မြန်လာခြင်း၊ ကျန်းမာရေး မကောင်းခြင်းကို ညွှန်ပြနိုင်ပြီး အာရုံကြောပျက်စီးရောဂါများ၊ မှတ်ဉာဏ်လျော့နည်းမှု၊ အသက်ရှည်မှု လျော့နည်းခြင်းတို့နှင့် ဆက်နွယ်နိုင်ပါတယ်။

အနှုတ်သဘော

BAG (ဦးနှောကပိုငယ်) မိမိအသက်အရွယ်နှင့် နှိုင်းယှဉ်လျှင် ဦးနှောက်ကျန်းမာရေး ပိုကောင်းကြောင်း ပြသပါတယ်။

သက်ရောက်စေသော အချက်များ

ကောင်းသော အချက်များ

(BAG လျော့နည်းစေတတ်) ပညာရေးအဆင့်မြင့်မားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီသော အစားအစာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ။

မကောင်းသော အချက်များ

(BAG တိုးစေတတ်) သွေးဖိအားမြင့်ခြင်း၊ ဆီးချိုရောဂါ၊ မျိုးရိုးဗီဇဆိုင်ရာ အချက်များ (ဥပမာ အယ်လ်ဇိုင်းမာရောဂါနှင့် ဆက်နွယ်သည့် ApoE4 မျိုးဗီဇ)။

အရေးပါမှု

ဦးနှောက်အသက်သည် ပြက္ခဒိန်အသက်တခုတည်းထက် ပုဂ္ဂိုလ်ရေးအလိုက် ဦးနှောက်ကျန်းမာရေးကို တိုင်းတာနိုင်သော အညွှန်းကိန်းဖြစ်ပါသည်။

ဦးနှောက်အသက်ကွာဟ ကြီးမားလာပါက (ဦးနှောက် ပိုအို) မှတ်ဉာဏ်ချို့ယွင်းမှုနှင့် ဒီမင်ရှား ဖြစ်နိုင်ချေ ပိုမိုမြင့်မားလာသည်ဟု တွေ့ရပါသည်။

(ပညာ + အစားအသောက် + ကျန်းမာရေး)

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဇာတာသက်လည်းရှည်၊ ဦးနှောက်သက်လည်းပိုကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ