Excess sodium increases blood pressure ဆားဓါတ်သည် သွေးဖိအားကို တက်စေ၏

Sodium ဆိုဒီယမ်ဓါတ်ဆားကို ဆားလို့ခေါ်တယ်။

ဆားစားလိုက်ရင် ရေကိုပါစုပ်ယူရလို့ သွေးထုထည်များလာမယ်။ သွေးထုထည်ကနေ သွေးကြောလေးတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ သွေးကြောနံရံအပေါ် ဖိအားသက်ရောက်တယ်။ သွေးဖိအား ခေါ် သွေးတိုး တက်မယ်။

ခန္ဓာကိုယ်က တန်ပြန်မှုပြုတဲ့အနေနဲ့ prostaglandins ဟော်မုန်းထုတ်ပေးရပြီး ကျောက်ကပ်အလုပ်လည်း ပိုလုပ်ရတယ်။

သွေးတိုးတက်ရင် နှလုံးကိုပါ ထိခိုက်စေမယ်။

လူတွေ တယောက်နဲ့တယောက် ဆားကို တုံ့ပြန်တာ မတူပါ။ တချို့က မခံနိုင်ဘူး။

ဆားလျှော့စားသုံးပါ။

နေ့စဉ် 2,300 mg ထက်မပိုစေပါနဲ့။

အသင့်တော်ဆုံးက တနေ့မှာ 1,500 mg သာစားသုံးရပါမယ်။

လက်ဖက်ရည်ဇွန်း တဇွန်းမှာ ဆား 5 to 6 grams ပါတယ်။ ဆိုဒီယမ် 2,300 mg ပါတယ်။

ဆိုဒီယမ် 1,500 mg ဆိုတာ လက်ဖက်ရည်ဇွန်းတဇွန်းရဲ့ (.65) နဲ့ ညီမျှတယ်။ ဇွန်းတဝက်ကျော်ကျော်။

တနေ့တာစားသောက်တာတွေ အားလုံးထဲကနေ တွက်ချက်ရပါမယ်။

ဆိုဒီယမ်များတဲ့ အမေရိကန်အစားအစာတွေကတော့

pizza, soups, deli meats, sandwiches, savory snacks (chips, crackers), canned goods, cheese, and fast-food meals, bread, poultry, and eggs စတာတွေ ဖြစ်တယ်။

မြန်မာ့အစားအစာများအနကဆား (ဆိုဒီယမ်) အလွန်များသည့် အစားအစာများ

၁။ ငပိရည်၊ ငပိသုပ်၊ ငပိချကအမျိုးမျိုး

ဆားထည့်သိုလှောင်တဲအစားအစာ ဖြစ်တဲ့အတွကSodium အလွန်များသည်။

၂။ ငံပြာရည် (Fish sauce) စသည်တို့မှာ Sodium များစွာပါဝင်သည်။

၃။ ငါးခြောက်၊ ပုစွန်ခြောက်အမျိုးမျိုး

၄။ ထမင်းဆိုင်များ (မြန်မာ + တရုပ်)

အရသာအတွကဆားအဂျီနိုမိုတိုု (MSG)အသားမှုန့်အမျိုးမျိုး သုံးလေ့ရှိသည်။

၅။ အကြော်အမျိုးမျိုး

အရသာအတွကဆားအဂျီနိုမိုတို (MSG) သုံးလေ့ရှိသည်။

မုန့်ဖုတ်ဆော်ဒါမှာလည်း ဆိုဒီယမ်ပါတယ်။

၆။ လက်ဖက်သုပ

၇။ မုန့်အမျိုးမျိုး

၈။ ထောင်းထောင်းသုပ်သုပ်အမျိုးမျိုး

ငပိထောင်း

ငရုတ်ထောင်း

ခရမ်းချဉ်ထောင်း

ချင်း (ဂျင်း)ထောင်း

သင်္ဘောသီးထောင်း စသည်။

၉။ စည်သွတ်ဗူးများ

၁၀။ ဆားနဲ့လုပ်ရတဲ့ လက်လုပ်ချဉ်အမျိုးမျိုး။

ဘယ်လို သတိထားစားသုံးသင့်သလဲ

၁။ ဆိုင်ကနေဝယ်ယူတာ၊ ဆိုင်မှာစားတာထက် အိမ်မှာသာ ချက်ပြုတ်စားသောက်ပါ။ ဆားပမာဏကို အမြဲသတိထားပါ။

၂။ ငါးခြောက်စတာတွေကို ရေဆေးပါ။

၃။ အချိုမှုန့်အစား ငါး၊ မှို စတာတွေကို အသုံးပြုပါ။

၄။ ဆားနဲ့အတူ သကြားဓါတ်ကလည်း ကျန်းမာကို ထိခိုက်စေပါတယ်။

၅။ အရပ်ပြော တက်စာဆိုတာတွေက မမှန်တာများတယ်။ တွဲစားရတဲ့ အငန်တခုခုထဲမှာ ဆိုဒီယမ်ပါလို့ သွေးဖိအားတက်ပါတယ်။ အသီးအရွက်တွေကြောင့် သွေးတိုး မတက်ပါ။

၆။ ကိုလက်စထောနဲ့ ဆီးချိုအတွက်တွေက တမျိုးစီရှိသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ