Healthy New Year's resolutions ၂၀၂၆ ခုနှစ်သစ်အတွက် ကျန်းမာရေးဆုံးဖြတ်ချက်များ

၁။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ခြင်း၊

၂။ အိပ်ရေးကောင်းစွာအိပ်ခြင်း

၃။ စားသောက်မှုကို သတိပြုထိန်းသိမ်းခြင်း (ရေများများသောက်ခြင်း၊ သဘာဝအစားအစာများ စားသုံးခြင်း၊ သကြားလျှော့ချခြင်း)၊

၄။ စိတ်ဖိစီးမှု လျှော့ချရန် တရားထိုင်ခြင်း၊

၅။ သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့နေခြင်း၊

၆။ ဒစ်ဂျစ်တယ်ကိရိယာများမှ ခဏအနားယူခြင်း။

အောင်မြင်မှု၏ အဓိကချက်မှာ လက်တွေ့ကျပြီး တိကျသေချာသော ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် တိုးတက်မှုကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းဖြစ်ပြီး အချိန်ရှည်ကြာ ပြောင်းလဲမှုကို ဖြစ်စေပါသည်။ လူအများရွေးချယ်လေ့ရှိသော ရည်မှန်းချက်များမှာ လေ့ကျင့်ခန်းပိုလုပ်ခြင်း၊ ကျန်းမာရေးကောင်းမွန်အောင် စားသောက်ခြင်း၊ တနေ့လျှင် ၇၈ နာရီအိပ်ခြင်းနှင့် သတိပညာထားရှိမှုမှတဆင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ခြင်းတို့ ဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားမှု တိုးမြှင့်ရန် အပတ်စဉ် လေ့ကျင့်ခန်း ၃၄ ကြိမ် ပြုလုပ်ရန် ရည်ရွယ်ပါ၊ ကြွက်သားဆန့်ထွက်လေ့ကျင့်ခန်းများ ထည့်သွင်းပါ၊ သို့မဟုတ် အစားစားပြီးနောက် ခဏလမ်းလျှောက်ခြင်းမျိုး လုပ်နိုင်ပါသည်။

ရေသောက်ခြင်း ရေကို ပိုသောက်ပြီး သကြားပါဝင်သော အချိုရည်များကို လျှော့ချပါ။

စားသောက်မှု ကောင်းမွန်စေရန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပိုထည့်သွင်းစားသုံးပါ၊

ကျန်းမာရေးနှင့်ညီညွတ်သောအစာများကို ရွေးချယ်ပါ၊

မိမိကိုယ်ခံရောဂါအရ ရှောင်ရမည့်အစားအသောက်များကို စနစ်တကျရှောင်ပါ။

သကြားနှင့် ဆားသုံးစွဲမှု လျှော့ချပါ။

ဆေးလိပ်ဖြတ်ခြင်း / အရက်သောက်မှု လျှော့ချခြင်း။

စိတ်ပိုင်းနှင့် စိတ်ခံစားမှု ကျန်းမာရေး

အိပ်ရေးကို ဦးစားပေးပါ အိပ်ချိန်တိကျအောင် ထိန်းသိမ်းပါ၊

သတိပညာထားရှိမှု လေ့ကျင့်ပါ မိမိနှင့် သင့်တော်သည့် တရားထိုင်နည်းအတိုင်း လုပ်ဆောင်ပါ။

သဘာဝနှင့် အချိန်ကုန်ပါ ပန်းခြံတွင် လမ်းလျှောက်ပါ၊ တောင်တက်ပါ၊ သို့မဟုတ် ကိုယ်ပိုင်ခြံဝန်းထဲတွင် သဘာဝကို ခံစားပါ။

စိတ်ဖိစီးမှု လျှော့ချပါ အနုပညာကုထုံးများကို စမ်းသပ်ပါ၊ သို့မဟုတ် ထောက်ပံ့ကူညီပေးနိုင်သော အသိုင်းအဝိုင်းတခုကို ရှာဖွေပါ။

ဒစ်ဂျစ်တယ် အနားယူမှု ကိရိယာများမှ ခဏအနားယူခြင်းဖြင့် အာရုံစိုက်နိုင်စွမ်းနှင့် လက်ရှိအခိုက်အတန့်ကို ပိုမိုခံစားနိုင်စေပါသည်။

အောင်မြင်ရန် အကြံပြုချက်များ

တိကျပြီး လက်တွေ့ကျအောင် ရည်မှန်းချက်များကို လုပ်နိုင်စရာကောင်းအောင် သတ်မှတ်ပါ (ဥပမာ “နေ့တိုင်း ၁၅ မိနစ် လမ်းလျှောက်မည်” ဟု သတ်မှတ်ခြင်း၊ “လေ့ကျင့်ခန်းပိုလုပ်မည်” ဟု မရေရာစွာ မပြောခြင်း)။

တိုးတက်မှုကို မှတ်တမ်းတင်ပါ မှတ်စုစာအုပ် သို့မဟုတ် အက်ပ်တခု အသုံးပြုပြီး ကိုယ်တိုင်တိုးတက်လာမှုကို ကြည့်ရှုပါ။

အကူအညီ ရယူပါ မိသားစု၊ မိတ်ဆွေများကို မေးမြန်းပါ သို့မဟုတ် အတန်းတခုတွင် ပါဝင်ပါ။

အဆင့်တိုင်းကို ဆုချပါ သေးငယ်သော ရည်မှန်းချက်များ ပြီးမြောက်သည့်အခါ ကိုယ့်ကိုယ်ကို ဆုချပါ။ ငါ လုပ်နိုင်တယ်။

ပျော်ရွှင်အောင် ပြုလုပ်ပါ ကိုယ်တိုင် အမှန်တကယ် နှစ်သက်သော လှုပ်ရှားမှုများကို ရွေးချယ်ပါ။

ကျန်းမာရေးအသိပညာကို တတ်သိသည့်ပညာရှင်များထံကနေသာရယူပါ။ ဆိုရှယ်မီဒီယာမှာ ပါတိုင်းကို မယုံပါနဲ့။ ၂၀၂၅ ခုနှစ်မှာ အလိမ်အညာတွေ များခဲ့သည်။

နှစ်သစ်မှာ နှစ်ဟောင်းကထက် ပိုမိုကျန်းမာ ရွှင်လန်းကြပါစေသတည်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ