How Alcohol Affects Blood အရက်နှင့် သွေး

အရက်နှစ်ပက်နေ့တိုင်း သောက်ရင်သွေးမပြစ်ဘူးလို့ပြောတာကိုသဘောမတူလို့အမှန်ကို သိပါရစေဆရာ

အရက်နှင့် သွေး
၁။ Blood Thinning (Platelets) အရက်အသင့်အတင့်သည် သွေးမှုန်လေးတွေစေးကပ်မှုကို နည်းစေတယ်။ သွေးခဲမှုကို တားတဲ့သဘောဖြစ်တယ်။ နှလုံး အတက်ရတာနည်းစေမယ်။ သွေးထွက်လွယ်စေမယ်။
၂။ Blood Thickening (Viscosity) အရက်ကြောင့် dehydration ရေဓါတ်နည်းစေတယ်။ တဆက်တည်းမှာ hemoconcentration ခေါ် သွေးပျစ်တာဖြစ်စေနိုင်တယ်။
၃။ Clotting System Interference အရက်များရင် သွေးဥတွေပျက်စီးစေနိုင်တယ်။ clotting factors သွေးခဲစနစ်ကို သက်ရောက်စေနိုင်တယ်။ သွေးခဲရာကနေ stroke risk လေဖြတ်တာ ပိုဖြစ်စေနိုင်တယ်။
မှတ်ရန်
အရက်ဟာ တကမ္ဘာလုံးမှာ အကြီးစားစီးပွါးရေးလုပ်ငန်းကြီးဖြစ်တယ်။ ရောင်းအားကောင်းစေအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ