Sweat ချွေးဆိုတာ
ချွေးဟာ Sweat glands ခေါ် ချွေးထွက်အိတ်ကလေးတွေကနေထွက်တယ်။ ချွေးထွက်ခြင်းကို Perspiration လို့လည်း ခေါ်တယ်။ ချွေးထဲမှာအဓိက ရေ ၉၉% ပါတယ်။ တခြားပါတာတွေကဓါတ်တားတွေ။ ဆိုဒီယမ်နဲ့ ကလိုရိုက်။ အဲတာက ငန်တယ်။ ပိုတက်ဆီယမ်၊ ယူရီယာ၊ လက်တိတ်၊ အမိုင်နိုအက်စစ်၊ ဘိုင်ကာဇွန်နိတ်နဲ့ ကယ်လ်စီယမ်တွေလည်း နည်းနည်းလေးစီပါနေတယ်။
ရေပါနေလို့ ကိုယ်ခန္ဓာအပူချိန်ကိုထိန်းပေးနိုင်တာဖြစ်တယ်။ အေးစေတယ်။
Dermcidin ခေါ်တာက ပဋိဇီဝဆေးသဘောဖြစ်လို့ တော်တော်တန်တန်ပိုးတွေကိုသေစေတယ်။
လူတွေ ချွေးထွက်တာ မတူကြပါ။ ကျား-မ လည်းမတူ။ ယောက်ျားတွေက မိန်းမတွေထက် ၂ ဆပိုထွက်တယ်။ အသက်ကြီးလာကြရင် ချွေးထွက်နည်းလာကြတယ်။
Sweat reflex ဆိုတာလည်းရှိတယ်။ ကိုယ်တဘက်ခြမ်းကို ကလိတာနဲ့ တခြားဘက်ခြမ်းမှာ ချွေးထွက်လာတယ်။
Atopic dermatitis ခေါ် အရေပြားရောဂါတမျိုးရှိသူတွေ အလာဂျီပိုရတတ်တယ်။ သူတို့ချွေးထဲမှာပါတဲ့ MGL_1304 ခေါ်တာကြောင့်ဖြစ်တယ်။
Hippos ခေါ် ကြံတွေက ချွေးအနီရောင်ထွက်တယ်။ အဲတာက ပဋိဇီဝဓါတ်ကြောင့်ဖြစ်တယ်။
လူတွေမှာလည်း Chromhidrosis ခေါ် အရောင်ပါတဲ့ချွေးထွက်တဲ့အခြေအနေမျိုးရှိတယ်။
လူတွေရဲ့ချွေးနံ့ဟာ နေမကောင်းရင် တမျိုးဖြစ်နိုင်တယ်။
Cystic fibrosis ရောဂါကို ချွေးကိုစစ်တာနဲ့ သိနိုင်တယ်။ သူတို့မှာ ဆိုဒီယမ်နဲ့ ကလိုရိုက်သိပ်သည်းမှုများနေကြတယ်။
စိတ်လှုပ်ရှားမှုကနေလည်း ချွေးထွက်တာကို သက်ရောက်စေနိုင်တယ်။ ကြောက်စိတ်ရှိရင် ချွေးပြန်တယ်။ စိုးရိမ်စိတ်ကြောင့် ဇောချွေးဆိုတာလည်းရှိတယ်။
လူတိုင်းမှာ ချွေးထွက်အိတ် ၂ မျိုးစီရှိကြတယ်။ Apocrine နဲ့ Eccrine လို့ခေါ်တယ်။ Apocrineအမျိုးအစားက ချိုင်းနဲ့ မျိုးပွါးလမ်းနေရာတွေမှာသာရှိကြတယ်။
ချွေးဟာ လူတယောက်ရဲ့ လက်ဗွေလို ကိုယ်ပိုင်ထူးခြားမှုရှိကြတယ်လို့လည်းဆိုပါတယ်။ Volatile compounds ဒြပ်ပေါင်း ၃၇၃ မျိုးက တသမတ်တည်းရှိကြတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၈
Comments
Post a Comment