အမုန်းခံသူမရှိရင် ပိုပြီးဒုက္ခရောက်မယ်

မေးခွန်း = ဦးခေါင်းထုံရတဲ့အကြောင်းရင်းဘာကြောင့်ပါလဲဆရာ ဦးခေါင်းကို CT Scan တို့ x ray တို့ရိုက်သင့်ပါလားဆရာ အသက်လဲ ၇၅နှစ်ဆိုတော့ ပြီးတော့ကျမတို့မှာ သားအမိနှစ်ယောက်ပဲနေရတာဆိုတော့ စိုးရိမ်လို့ပါဆရာ ဆရာ့ကို မေးခွန်းတွေအများကြီးမေးရတာလဲ အားနာလှပါတယ်ဆရာ။

ပြန်စာ = ဆေးစစ်တာကို စမ်းသပ်ကုသပေးနေတဲ့ အထူးကုဆရာဝန်က ညွှန်မှသာ လုပ်သင့်။

ဟုတ်ကဲ့ပါဆရာ။

အဲလို မေးခွန်းမျိုးတွေ မကြာခဏရပါတယ်။

တချို့က ဆေးစစ်တာနဲ့ ဆေးကုတာကို ရောနေကြတယ်။ ဘန်ကောက်သွားဆေးစစ်ပြီးပြီ မပျောက်သေးဘူးတဲ့။

မြန်မာပြည်မှာ ဆေးကုစရိတ်သာမက၊ ဆေးစစ်ရတဲ့ကုန်ကျစရိတ်က ကြီးမားတယ်။

မကုန်သင့်တာ မကုန်စေချင်ပါ။

ဖြည့်စွက်စာတွေကိုလည်း အဲလို ပြန်ရေးရတယ်။ လူတိုင်း မလိုပါ။ လိုတဲ့သူတွေသာ လိုတယ်။

မလုပ်မဖြစ်တာတော့ လုပ်ရပါမယ်။ 

ကင်ဆာဆေး၊ ဆီးချိုဆေး၊ သွေးတိုးဆေး အလွဲ အမှားတွေကို တွေ့တိုင်းလည်း အမုန်းခံပြီး ထောက်ပြပါတယ်။ 

အခုခေတ်ပျက်မှာ ပိုက်ဆံရှာနည်းတွေက ဆန်းပြားလာတယ်။ ကျားဖြန့်လို မခေါ်လည်း အတုတွေ၊ အလိမ်တွေနဲ့ မလိုအပ်တာလည်း ဝယ်ချင်အောင်ကြော်ငြာနည်းတွေဟာ အတူတူသဘောသာဖြစ်ပါတယ်။

ဒီလိုအမုန်းခံသူမရှိရင် မြန်မာပြည်သူပြည်သားတွေ ပိုပြီးဒုက္ခရောက်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ