အစားအစာ ရွေးချယ်ပုံက ကင်ဆာကာကွယ်ရေးမှာ ဘယ်လိုကူညီနိုင်သလဲ
🍎 အစားအစာ = ဆေးဝါး
အစားအစာသည် အရသာရှိပျော်ရွှင်စရာ ဖြစ်ရုံသာမက၊ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပေးနိုင်ရပါမည်။ ကင်ဆာဖြစ်နိုင်ချေ လျော့ချရန် ကျန်းမာရေးနှင့် ကိုက်ညီသည့် စားသောက်ပုံစံကို ရွေးချယ်ခြင်းမှာ အလွန်အရေးကြီးပါသည်။
🌿 အပင်အခြေပြု အစားအစာကို အဓိကထားပါ
သစ်သီးများ
ဟင်းသီးဟင်းရွက်များ
အစေ့အဆန် အပြည့်အဝပါဝင်သော အစားအစာများ
➡️ သက်သတ်လွတ် ဖြစ်ရန် မလိုအပ်ပါ။
➡️ အစားအစာ၏ အများစုကို အပင်အခြေပြု အစားအစာများဖြင့် ဖြည့်စွက်ထားခြင်းသာ အဓိကဖြစ်ပါသည်။
🌭 ရှောင်ရှားသင့်သော အစားအစာများ
အနီရောင်အသား
အမဲသား
ဝက်သား
သိုးသား
ဆိတ်သား
🍗 အနီရောင်အသား မပါဝင် သော အသားများ (စားသုံးနိုင်သည်)
ကြက်သား
ငါး
ပင်လယ်စာများ
ပြုပြင်ထုတ်လုပ်ထားသော အသားများ (ဆော့စေးချာ၊ ဟော့ဒေါ့ စသည်)
အလွန်အမင်း ပြုပြင်ထားသော အစားအစာများ
သကြားနှင့် ထိန်းသိမ်းဆေးများ များစွာပါဝင်သော အစားအစာများ
ဤအစားအစာများတွင် ကင်ဆာကို တိုက်ဖျက်နိုင်သည့် အာဟာရဓာတ်များကို ဖယ်ရှားထားပြီးသား ဖြစ်သောကြောင့် ကင်ဆာဖြစ်နိုင်ချေကို တိုးစေနိုင်ပါသည်။
🔬 သုတေသနအသစ်များ၏ အားပေးမှု
ရင်သားကင်ဆာ ဖြစ်နိုင်ချေ မြင့်မားသော အမျိုးသမီးများကို အစားအစာအခြေပြု စနစ်များဖြင့် ကင်ဆာဖြစ်နိုင်ချေ လျော့ချနိုင်မလားဆိုသည်ကို ဆေးဘက်ဆိုင်ရာ သုတေသနအသစ်များဖြင့် စမ်းသပ်လေ့လာနေကြပါသည်။
🧑⚕️ လူနာများအတွက် လက်တွေ့ကျသော အကြံပြုချက်များ
အာဟာရပညာရှင်များက လူနာများ၏ နေထိုင်မှုပုံစံနှင့် ကိုက်ညီစေရန်
လက်တွေ့ကျသော စားသောက်နည်းများ
နေ့စဉ်ဘဝထဲ ထည့်သွင်းအသုံးချလွယ်ကူသော အကြံပြုချက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။
✅ အချုပ်
ကင်ဆာကာကွယ်ရေးမှာ အစားအစာ ရွေးချယ်ပုံက အရေးပါသော အခန်းကဏ္ဍတရပ် ဖြစ်ပါသည်။ ယနေ့ စားသောက်သည့် အစားအစာတပွဲတိုင်းသည် မနက်ဖြန် ကျန်းမာရေးအတွက် အခြေခံတရပ် ဖြစ်လာနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment