Treatment-Resistant Depression ကုသမှု မအောင်မြင်သော စိတ်ကျရောဂါ
စိတ်ကျရောဂါအတွက် အသုံးပြုသော ဆေးဝါးများ မအောင်မြင်လျှင် စိတ်ကျရောဂါ ခံစားနေရသူအတွက် ဘဝသည် အလွန်ခက်ခဲနာကျင်လာနိုင်ပါသည်။ အောက်ဖော်ပြပါ ကုသနည်းများမှာ ဆေးဝါး မပါဝင်ဘဲ အသုံးချနိုင်သော နည်းလမ်းများ ဖြစ်ပြီး၊ လူအချို့အတွက် စိတ်အခြေအနေ သက်သာလာစေပါသည်။ အသေးစိတ်ကို အောက်တွင် လေ့လာနိုင်ပါသည်။
ကုသမှု မအောင်မြင်သော စိတ်ကျရောဂါ ဆိုသည်မှာ
အဓိက စိတ်ကျရောဂါ (Major Depression) ကို ကုသရန် ဆေးဝါးများနှင့် ကုထုံးများ များစွာ ရှိပါသည်။ သို့သော် အမျိုးသား ကျန်းမာရေး သုတေသန အင်စတီကျူးရှင်း (National Institutes of Health) ၏ အစီရင်ခံစာအရ၊ စိတ်ကျရောဂါ ခံစားနေရသူများအနက် ၃၃ ရာခိုင်နှုန်းခန့် သည် ကုသမှု မအောင်မြင်သော စိတ်ကျရောဂါ
(Treatment-Resistant Depression – TRD) ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယေဘုယျအားဖြင့် TRD ဟူသည်မှာ သင့်လျော်သော ဆေးပမာဏနှင့် သတ်မှတ်ထားသော ကာလအတွင်း စိတ်ကျဆေး နှစ်မျိုး ကို ဆက်တိုက် အသုံးပြုခဲ့သော်လည်း စိတ်ကျရောဂါ မသက်သာဘဲ ဆက်လက်တည်ရှိနေသော အခြေအနေကို ဆိုလိုပါသည်။
(မှတ်ချက် — TRD အတွက် သတ်မှတ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် မရရှိသေးဘဲ၊ ပညာရှင်များက ပိုမိုတိကျစေရန် ပြန်လည်ညှိနှိုင်း ပြင်ဆင်ရန် ကြိုးပမ်းနေကြပါသည်။)
TRD အတွက် ယခင်က အသုံးပြုခဲ့သော ကုသနည်းများတွင်—
ကုထုံး ပြောင်းလဲခြင်း
(ဥပမာ — TMS မှ ECT သို့ ပြောင်းလဲအသုံးပြုခြင်း)
အားဖြည့် ကုသခြင်း
(လက်ရှိ စိတ်ကျဆေးနှင့်အတူ အခြားဆေးတမျိုး—ဥပမာ သိုင်းရွိုက် ဟော်မုန်း—ကို ထပ်မံပေါင်းသုံးခြင်း)
အမျိုးအစား မတူသော စိတ်ကျဆေးများကို ပေါင်းစပ်အသုံးပြုခြင်း
ဆေးပမာဏကို လူနာ ခံနိုင်သော အမြင့်ဆုံးနှင့် အကြံပြုထားသော အဆင့်အထိ တိုးမြှင့်အသုံးပြုခြင်း
တို့ ပါဝင်ပါသည်။
ကံကောင်းစွာဖြင့် ယနေ့ခေတ်တွင် အခြား ရွေးချယ်စရာ နည်းလမ်းများ များစွာ ပေါ်ထွက်လာပြီး၊ အနာဂတ်အတွက် မျှော်လင့်ချက်ရှိသော ကုသနည်းများလည်း ဆက်လက် ဖွံ့ဖြိုးလာနေပါသည်။
TRD အတွက် အသုံးပြုနိုင်သော ကုသနည်းများ
၁။ ဦးနှောက်အတွင်း နက်ရှိုင်း လှုံ့ဆော်ကုထုံး
(Deep Brain Stimulation – DBS)
၂။ ဦးခေါင်းအပေါ်မှ မက်ဂနက်တစ် လှိုင်းဖြင့် ထပ်ခါထပ်ခါ လှုံ့ဆော်ကုထုံး
(Repetitive Transcranial Magnetic Stimulation – rTMS)
၃။ လျှပ်စစ်ဓာတ်ဖြင့် ကုသခြင်း
(Electroconvulsive Therapy – ECT)
၄။ နိုက်ထရပ်စ် အောက်ဆိုဒ်
(ရယ်စေသော ဓာတ်ငွေ့) ဖြင့် ကုသခြင်း
၅။ စိတ်ပိုင်းဆိုင်ရာ ကုထုံး
(Psychotherapy)
၆။ ဗေးဂတ်စ် အာရုံကြော လှုံ့ဆော်ကုထုံး
(Vagus Nerve Stimulation – VNS)
၇။ TRD အတွက် မျိုးဗီဇ အခြေပြု
(DNA) ဆေးဝါး သင့်လျော်မှု စမ်းသပ်ခြင်း
(Pharmacogenomic Testing)
၈။ စိတ်လှုပ်ရှားဖွယ် ဆေးပစ္စည်းများ
(Psychedelics) နှင့် သက်ဆိုင်သော စမ်းသပ်ကုသမှု
(Clinical Trial) ကို မည်သို့ ရှာဖွေရမည်နည်း
ဒေါက်တာတင့်ဆွေ

Comments
Post a Comment