Life expectancy to break 90 barrier by 2030
၂၀၃၀ ရောက်ရင် အသက် ၉၀ ကျော်အထိနေနိုင်တော့မည်
တောင်ကိုရီးယား အမျိုးသမီးတွေ ပျမ်းမျှ အသက် ၉၀ ကျော်ထိနိုင်သူတွေဖြစ်လာပါတယ်။ ဒီလေ့လာမှုကို စက်မှုနိုင်ငံ ၃၅ နိုင်ငံမှာလုပ်ခဲ့တာပါ။ လေ့လာမှုကနေ ရှေ့ရေးကို ခန့်မှန်းတာက လာမယ့် ၂၀၃၀ ရောက်ရင် အသက် ၉၀ ကျော်အထိ နေနိုင်ကြတော့မည်လို့ဖြစ်ပါတယ်။ ကျားနဲ့ မကွာခြားချက်ကလည်း ကျဉ်းလာပါမယ်။
အစိုးရတွေအနေနဲ့ ပင်စင်အတွက် ခေါင်းခဲကြရပါလိမ့်မယ်။ တောင်ကိုရီးယားကတော့ ထိပ်ကဆက်ရှိနေပါမယ်။ ပြင်သစ်ကလည်းနီးစပ်တယ်။ ဂျပန်ကတော့ အဆင့်ကျလာစရာရှိနေတယ်။ ယူအက်စ်က အဆင့်နိမ့်နေတယ်။ ၂ဝ၃ဝ ဆိုရင် အနိမ့်ဆုံးရောက်မလား မသိပါ။ ချမ်းသာတဲ့တိုင်းပြည်တွေထဲမှာ အောက်ဆုံးကျနေတယ်။ တိုင်းသူပြည်သား အားလုံး ခံစားနိုင်တဲ့ ကျန်းမာရေးအာမခံမရှိလို့ဖြစ်နိုင်တယ်။ အရပ်ပိုရှည်လာမှုလည်း တန့်နေတာက ငယ်စဉ်အာဟာရနဲ့ ဆိုင်မယ်။ ချီလီက ယူအက်စ်ကိုကျော်နိုင်တယ်။ ချီလီမှာ အမျိုးသမီးတွေက ၈၇ နှစ်နဲ့ ယောက်ျားတွေက ၈၁ နှစ် နေနိုင်လာကြမယ်။
လက်ရှိ ယောက်ျားတွေက ပျမ်းမျှ ၈၀ နှစ်နဲ့ အမျိုးသမီးတွေက ၈၃ နှစ်နေနိုင်ကြတယ်။ ၂၀၁၅ ကနေ ၂၀၃၀ အတွင်း ယူကေမှာ ၇၉ နှစ်ကနေ ၈၃ နှစ်နဲ့ ၈၂ နှစ် ကနေ ၈၅ နှစ်အထိနေနိုင်ကြမယ်။ ကျား-မ ကွာခြားနေမှုဟာ ဆေးလိပ်နဲ့ အရက်သောက်ကြတာ၊ ယာဉ်တိုက်မှုဖြစ်တာ၊ ကိုယ့်ကိုယ်ကို သတ်သေတာတွေကြောင့် ဖြစ်မယ်။
ဒီလေ့လာသုံးသပ်မှုကို မိုးလေဝသပညာရှင်တွေ ခန့်မှန်းသလို နည်းနဲ့လုပ်ထားတာဖြစ်ပါတယ်။ မပြောနိုင်တာက ဆိုဗီယက်ယူနီယန်ကြီး ပြိုကွဲသလို မထင်မှတ်တာမျိုးလည်း ထည့်စဉ်းစားရမယ်။ ကင်ဆာတွေ၊ ကပ်ရောဂါတွေနဲ့ ကာကွယ်ဆေးသစ်တွေပေါ်တာ။ အသက်ကြီးသူတွေကို စောင့်ရှောက်ပေးမှု ကောင်းလာလို့လည်း အသက်ပိုရှည်နိုင်တာ ဖြစ်ပါတယ်။ အသက်ပိုရှည်ရှည်နေနိုင်ဘို့ရာ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်သင့်ပါတယ်။
http://www.bbc.com/news/health-39040146
ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၁၇

Comments
Post a Comment