My Two Cents တတ်သလောက် မှတ်သလောက်

ကင်ဆာကို ရောင်းစားနေကြသူများပို့စ်အောက်မှာ ကွန်မင့်တခုလာပါတယ်။

မင်္ဂလာပါခင်ဗျာ ဆရာသိသလောက် တတ်သလောက်မှတ်သလောက်ကို စာနဲ့ပဲရေးဖြေစေချင်ပါတယ် Link တွေအများကြီးချပေးတော့ တကယ့်တောသူတောင်သား ဝေဒနာရှင်တွေ အခက်တွေ့ပါတယ်

ပြန်စာ

ကျွန်​တော်လည်း တောသား။

ကင်ဆာလင့်ပေါင်း ၇၇ ခုပေးထားတယ်။ အဲဒါကင်ဆာရောဂါအကြောင်း အကုန်မဟုတ်သေးပါ။ မေးလာတာတွေကို ဖြေဖို့သာ ရေးထားတယ်။ 

ဆေးပညာစာအများဆုံးပါတဲ့ ဘလော့မှာ စာပုဒ်ရေပေါင်း ၉၆၄၉ ခုတင်ထားတယ်။ အဲတာလည်း အသိပညာသုတမှာ နှမ်းတစေ့လောက်သာရှိမယ်။ 

 ကင်ဆာဖြစ်ဖြစ် တုပ်​ကွေးဖြစ်ဖြစ် ဖေ့စ်ဘွတ် ကွန်မင့် ရေးသ​လောက်နဲ့​တော့ မ​ဖြေဘဲ​နေတာက ပိုသင့်ဦးမယ်။

အဲတာ တောသားဆရာဝန် သိသလောက် တတ်သလောက် မှတ်သလောက်သာ။ တတ်သလောက် မှတ်သလောက်ကို အင်္ဂလိပ်လို ၂ ဆင့်လို့ခေါ်ပါတယ်။ 

ကင်ဆာ​မေးခွန်းတခုကို လျက်ဆား​ပေးသလို ပေးလို့ မရပါ။

အရင်တ​ယောက်ကို​ပေးတဲ့ ဆေးနည်းအတိုင်း နောက်တ​ယောက်ကို ပေးလို့ဘမရတတ်ပါ။

တဦးစီအတွက် အ​ဖြေတခု ဖြစ်​လေ့ရှိတယ်။

ကင်ဆာဖြစ်မှ​တော့ ကိုယ့်​ရောဂါအတွက် သက်ဆိုင်တဲ့စာ​တွေ​တော့ ဖတ်ရပါလိမ့်မယ်။ စစ်​ဆေးမှု၊ ကုသမှု၊ ဆက်လက်ပြသမှု​တွေ လုပ်ရပါလိမ့်မယ်။

ဆိုရှယ်မီဒီယာမှာ ရေး​နေကြသလို တခွန်းနှစ်ခွန်းစ၊ ကောင်းတယ်၊ ဆိုး​တယ်လောက်နဲ့ မရပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

၂၅-၂-၂၀၁၈

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ