Surviving Cancer ကင်ဆာကို ရင်ဆိုင်ကျော်ဖြတ်ခြင်း
ကင်ဆာကို ရင်ဆိုင်ကျော်ဖြတ်ခြင်း၊ မိခင်ယောက္ခမများနှင့် အကြားက အရာအားလုံးကိုပါ ကျော်ဖြတ်ခြင်း။
ဘဝ… ကျွန်ုပ်တို့တွင် တဘဝသာ ရှိသည်။ ထိုဘဝသည် အမြဲလွယ်ကူမနေပါ။
ကျွန်ုပ်တို့သည် တိုက်ပွဲဝင်သူများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည် ရှင်သန်ကျန်ရစ်နိုင်သူများ ဖြစ်ကြသည်။
တခါတရံ အကောင်းမြင်စိတ်ထားရှိရန် မလွယ်ကူသော်လည်း ကျွန်ုပ်တို့သည် အကောင်းမြင်သူများ ဖြစ်ကြသည်။
အင်အားသည် ကျွန်ုပ်တို့ အားလုံး၏ အတွင်း၌ ရှိနေသည်။
“လွယ်ကူခဲ့တယ်လို့ ထင်ပါသလား” ဟူသည်မှာ အထူးလူတယောက်က မျက်နှာပေါ်တွင် အပြုံးနှင့်အတူ အမြဲဆိုလေ့ရှိသည့် စကားဖြစ်သည်။
ဘဝမလွယ်ကူသော အချိန်များ၌ပင် ထိုသို့ ဆိုလေ့ရှိသည်။
ဘဝတွင် ကြုံတွေ့ရသော အခက်အခဲများကို သင် မည်သို့ ချဉ်းကပ်သည်ဆိုသည်က သင်၏ ဘဝသံစဉ်ကို သတ်မှတ်ပေးသည်။ ကျွန်ုပ်တို့ အားလုံးသည် တစုံတရာကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီ… ကင်ဆာဖြစ်စေ၊ ခက်ခဲသော မိခင်ယောက္ခမဖြစ်စေ၊ အချစ်ရေးဆက်ဆံရေးဖြစ်စေ၊ ကလေးများကို ပြုစုပျိုးထောင်ရခြင်းဖြစ်စေ… အချိန်အခါအလိုက် မလွယ်ကူသည့် အရာများပင် ဖြစ်ကြသည်။
ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ ဤအရာများစွာကို မည်သို့ ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ကို အမြင်အာရုံနှင့် အကြံပြုချက်များ မျှဝေလိုခြင်း ဖြစ်သည်။ အကောင်းမြင်စိတ် အပြည့်အဝ၊ အပြုသဘောစိတ်ထား၊ ယုံကြည်ခြင်း အများအပြားနှင့် ဟာသအနည်းငယ်ကို ပေါင်းစပ်၍ မျှဝေလိုသည်။
သတိရပါ… မိုးတိမ်များ မည်မျှ များစွာ တွေ့မြင်ရပါစေ၊ နေသည် အမြဲ ရှိနေပြီး ကျွန်ုပ်တို့အပေါ်သို့ အလင်းရောင် ပေးလျက် ရှိသည်။
သင့်ဘဝကို သက်ရောက်မှုရှိစေခဲ့သော အတွေ့အကြုံဇာတ်လမ်းများ၊ အကြံပြုချက်များ၊ စာအုပ်များနှင့် အရာဝတ္ထုများကို မျှဝေပေးပါ။ ကျွန်ုပ်တို့သည် “ဘဝ” ဟု ခေါ်သည့် အံ့ဩဖွယ်ခရီးလမ်းပေါ်တွင် လူများစွာကို ကူညီနိုင်ရန် ကြိုးပမ်းရာ၌ ထိုအရာများကို ထည့်သွင်းဖော်ပြနိုင်မည် ဖြစ်သည်။ ။
သူများတိုင်းပြည်မှာ အဲလို။ ကင်ဆာဝေဒနာသည်တွေကို အပြုသဘော အားပေးကူညီကြတယ်။
ရောဂါတွေအကြောင်းကိုလည်း ဆေးသုတေသနအရ မှန်ကန်တဲ့အချက်အလက်တွေကိုသာ တင်ပြကြတယ်။
မြန်မာပြည်မှာ
လူတိုင်း တသက်လုံးသောက်နေကြတဲ့ရေကို
ထိုင်မသောက်နဲ့
ထမသောက်နဲ့
ရေသန့်က ဘာဖြစ် ညာဖြစ်
ညတုန်းကလည်း ရေနွေးကြမ်းက ဟိုဟာဖြစ် ဒီဟာဖြစ်
(ကျွန်တော် မနက်ထ ဘာတခုမှ မစားအားသေးဘဲ ရေနွေးကြမ်းသောက်ယင်း ဒီစာကို ရေးပါတယ်။ ရေနွေးကြမ်းကလည်း ညကကျန်သေးတဲ့ ဓါတ်ဗူးထဲက ရေနွေးကြမ်း)
တင်ပြချက်
ဘယ်အရာကိုမဆို အခြေခံကျကျ
မှန်ကန် သင့်မြတ် အကျိုးရှိစေတာကိုသာ
ရေးသား တင်ပြ ပြောဆို ကူညီကြပါရန်။
မကောင်းတဲ့စိတ်ထား မမွေးရပါခင်ဗျား။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment