The habit of mindful thinking သတိရှိရှိစဉ်းစားခြင်း အလေ့အထ

လက်ရှိအခိုက်အတန့်တွင် စိတ်အာရုံကို ပြန်လည်ယူဆောင်လာပြီး ကိုယ်၏ အတွေးများနှင့် ခံစားချက်များကို မစီရင်ဘဲ သတိထားကြည့်ရှုခြင်းဖြစ်သည်။ 

ယင်းအလေ့အထသည် စိတ်ဖိစီးမှု လျော့နည်းစေပြီး စိတ်ကျန်းမာရေးကို တိုးတက်စေသည်။ အလိုအလျောက် ဖြစ်ပေါ်လာသော မကောင်းသော တုံ့ပြန်မှုများအစား ရည်ရွယ်ချက်ရှိသော သိမြင်တုံ့ပြန်မှုများဖြင့် အစားထိုးနိုင်ခြင်းကြောင့် ကျန်းမာရေးမကောင်းသော နက်ရှိုင်းစွာ မြေတည်ထားသည့် အလေ့အထများကို ချိုးဖျက်နိုင်စေသည်။

သတိရှိရှိစဉ်းစားခြင်း အလေ့အထကို ဖွံ့ဖြိုးစေရန်

၁။ သတိပေးချက် သတ်မှတ်ပါ

တနေ့လျှင် သုံးကြိမ်ခန့် ဖုန်းသတိပေးချက်ထားပြီး လက်ရှိ ကိုယ်စဉ်းစားနေသည့် အတွေးများကို စစ်ဆေးကာ စိတ်အာရုံကို လက်ရှိအခိုက်အတန့်သို့ ပြန်လည်ယူဆောင်ပါ။

၂။ R နည်းလမ်း ၅ ခု အသုံးပြုပါ

Recognize — အတွေးများကို သတိပြုပါ (အထူးသဖြင့် ကြောက်ရွံ့မှုအခြေပြု မကောင်းသောအတွေးများ)

Relax — ထိုအတွေ့အကြုံအတွင်း သက်သာစွာ နေပါ

Review — အခြေအနေကို ပြန်လည်သုံးသပ်ပါ

Respond — ရည်ရွယ်ချက်ရှိစွာ တုံ့ပြန်ပါ

Return — လက်ရှိအခိုက်အတန့်သို့ ပြန်လည်ရောက်ရှိပါ

၃။ နေ့စဉ် လုပ်ငန်းများတွင် သတိရှိပါ

သွားတိုက်ခြင်း၊ စားသောက်ခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့ သာမန်လုပ်ငန်းများတွင် သတိရှိစွာ လုပ်ဆောင်ပါ။

၄။ “စိတ်အခြေအနေ” ကို ကြည့်ရှုပါ

ကိုယ်၏ အတွေးများကို ရာသီဥတုပြောင်းလဲသကဲ့သို့ လာပြီး ပျောက်သွားသော အရာအဖြစ် ကြည့်ရှုပါ။ ၎င်းတို့နှင့် ကိုယ်ကို မတူညီအောင် ခွဲခြားပါ။

၅။ နေ့စဉ် လှုပ်ရှားမှု ပြောင်းလဲခိုင်းသော အချိန်များကို အသုံးချပါ

အလုပ်မှ ထွက်ခွာသည့်အချိန်၊ မိသားစုနှင့် နှုတ်ဆက်သည့်အချိန်များတွင် လက်ရှိအခိုက်အတန့်ကို သတိထား၍ ဆက်ဆံရေးများကို တန်ဖိုးထားပါ။

အကျိုးကျေးဇူးများနှင့် အခြေခံသဘောတရားများ

ခံစားချက်များသည် အမှန်တရား မဟုတ်နိုင်

ကိုယ်တခုခု ခံစားရသည်ဆိုသော်လည်း ထိုအရာသည် အမှန်တရားဖြစ်သည်ဟု မဆိုနိုင်ကြောင်း နားလည်စေသည်။

အပြုသဘော ပြန်လည်အဓိပ္ပာယ်ဖွင့်ခြင်း

ဦးနှောက်၏ သဘာဝ မကောင်းသဘော လိုက်စားခြင်းအလေ့အထကို တိုက်ဖျက်ရန် အပြုသဘောဆောင်သော အချက်များကို သတိရှိစွာ ရွေးချယ်ကြည့်ရှုပါ။

ဆုံးဖြတ်ချက် ပိုကောင်းလာခြင်း

အလိုအလျောက် ဖြစ်ပေါ်လာသော၊ အထောက်အကူမဖြစ်သော အလေ့အထများကို သတိပြုမိနိုင်ပြီး ကျန်းမာသော၊ သိမြင်မှုရှိသော အလေ့အထများသို့ ပြောင်းရွှေ့နိုင်သည်။

အချုပ်အားဖြင့်

သတိရှိစဉ်းစားခြင်းသည် လက်ရှိအခိုက်အတန့်ကို သတိပြုနေထိုင်ခြင်းမှတဆင့် စိတ်ကျန်းမာရေး တိုးတက်စေပြီး ပိုမိုတည်ငြိမ်သည့် ဘဝဆုံးဖြတ်ချက်များ ချမှတ်နိုင်စေသော အလေ့အထတရပ် ဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ