ဗာဒံစေ့ / မက်မွန်စေ့ (Almonds)
အာဟာရဆိုင်ရာ အချက်အလက်များ (အလေးချိန် ၂၈ ဂရမ်လျှင်)
ပရိုတင်း: ၆ ဂရမ်
အမျှင်ဓာတ်: ၃.၅ ဂရမ်
ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်: ၁၄ ဂရမ် (အများစုမှာ မပြည့်ဝဆီများ ဖြစ်သည်)
ဗီတာမင်များ: ဗီတာမင် အီး အလွန်ကြွယ်ဝပြီး၊ ရိုင်ဘိုဖလေဗင် (ဗီတာမင် ဘီ-၂) လည်း ပါဝင်သည်။
သတ္တုဓာတ်များ: မဂ္ဂနီစီယမ်၊ မန်းဂနိစ်၊ ကြေးနီနှင့် ဖော့စဖရပ်တို့ ပါဝင်သော အရင်းအမြစ်ကောင်း တခု ဖြစ်သည်။
ဗာဒံစေ့ကို စားသုံးနိုင်သော နည်းလမ်းများ
သရေစာ: အစိမ်းလိုက်ဖြစ်စေ၊ လှော်၍ဖြစ်စေ၊ အခြား အစေ့အဆန်များနှင့် ရော၍ဖြစ်စေ စားသုံးနိုင်သည်။
အုပ်မိုးရန်: အုတ်ဂျုံ (Oatmeal)၊ ဒိန်ချဉ်၊ အသုပ်များနှင့် အသားငါး ကြော်လှော်ခြင်းများတွင် အပေါ်မှ ဖြူး၍ စားသုံးနိုင်သည်။
အပေါ်ယံလွှာ အဖြစ်သုံးခြင်း: ကြက်သား၊ ငါး သို့မဟုတ် တို့ဟူးများကို ဗာဒံစေ့ အမှုန့်များဖြင့် ကပ်၍ ကြော်နိုင်သည်။
နို့အစားထိုး: ဗာဒံနို့ ပြုလုပ်၍ သောက်သုံးနိုင်သည်။
မုန့်ဖုတ်ခြင်း: ဂလူတန် (Gluten) မပါသော မုန့်များတွင် ဗာဒံမှုန့်ကို အသုံးပြုနိုင်သလို၊ ကိတ်မုန့်နှင့် မုန့်ချိုများတွင်လည်း ဗာဒံနှစ်ကို အသုံးပြုနိုင်သည်။
ဟင်းလျာများ: စွပ်ပြုတ်များ၊ ဆော့စ်များနှင့် ဆန်၊ ဂျုံ ဟင်းလျာများတွင် ထည့်သွင်း အသုံးပြုနိုင်သည်။
ကျန်းမာရေး အကျိုးကျေးဇူးများ
ခန္ဓာကိုယ်အတွက် မကောင်းသော ကိုလက်စထရော (LDL) ကို လျော့ကျစေနိုင်သည်။
အင်တီအောက်စီးဒန့်များ ပေးစွမ်းနိုင်ပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုသည်။
မျှတသော အစားအစာအဖြစ် စားသုံးပါက နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment