ဖလ်ကိုဘယ်လိုအသံထွက်ပါသလဲ
ဖန်
ဖမ်
ဖံ
လနဲ့ဘာလို့သတ်တာလဲ။ လနဲ့သတ်တဲ့အခြားစကားလုံးရှိပါသလား။ လ် ဆိုတော့ လျှာကိုအပေါ်လိပ်ပြီး အာခေါင်အပေါ်တင်ပြီး အသံထုတ်ရမှာလား။
ဖလ် အသံထွက် ဖန် (မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၃)
နေဝန်းဖလ်ဝါ (ခင်ဆွေဦး)
ဖလ်မီးအိမ် (တင်မိုး )
ဖလ် = ကျောက်သလင်း
အရောင်မဲ့ ဖလ် စလီကာမှ ထုတ်လုပ်သည်
အလှကုန် လေဆာ ဖလ်
ဖလ်ခွက်
စတုက္ကရံသိနိက္ခန္တာ မေရုရာဇာ- ရွှေ ငွေ မြ ဖလ် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံပြိုင် မဏ္ဍိုင် ချက်ဗွေ နေစက်လစက် နက္ခတ်တာရာ ကြယ်တာရာတို့ ဝံယာပတ်ဝိုက် ဦးခိုက်ကြရာ မဟာမြင်းမိုရ်တောင်မင်းသည်။
မြေပြင်တလျှောက်တွင် ကြည်လဲ့သော ဖလ်မှုန်လေးများသည် တောက်ပစွာ လင်းလက်နေကြသည်။
kaleidoscope = ကြည့်ရှု ကစားစရာ ဖလ်ပြောင်း ကြေးမုံဖလ်သားတို့မှ ပုံရိပ်ရိုက်၍ အရောင်မျိုးစုံ သဏ္ဍာန်တူမြင်ရသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment