ဂေါက် (Gout) အစားအစာများ
တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းများနှင့် ဂလင်းအသားများ - အသည်း၊ ကျောက်ကပ်နှင့် သရက်ရွက်ကဲ့သို့သော အသားများကို မစားပါနှင့်။ ယင်းတို့တွင် ပျူရင်း (Purine) ဓာတ် မြင့်မားစွာ ပါဝင်ပြီး သွေးအတွင်း ယူရစ်အက်ဆစ် (Uric acid) ပမာဏကို ပိုမိုမြင့်တက်စေပါသည်။
အသားနီများ - အမဲသား၊ သိုးသားနှင့် ဝက်သား စားသုံးမှုကို ကန့်သတ်ပါ။
ပင်လယ်စာ အများစု - ပင်လယ်စာအချို့သည် အခြားအစားအစာများထက် ပျူရင်းဓာတ် ပိုမိုမြင့်မားပါသည်။ ယင်းတို့တွင် ငါးနီတူ၊ အခွံမာရေသတ္တဝါများ (shellfish)၊ ငါးသေတ္တာငါးနှင့် ငါးသလောက်ကျား (Codfish) တို့ ပါဝင်ပါသည်။ သို့သော် ပင်လယ်စာသည် ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် ဂေါက်ရောဂါရှိသူများသည် ငါးကို အနည်းငယ်မျှ စားသုံးနိုင်ပါသည်။
အရက် - ဘီယာနှင့် ပေါင်းခံအရက်များသည် ဂေါက်ရောဂါ ဖြစ်နိုင်ခြေနှင့် ရောဂါထကြွမှုကို ပိုမိုမြင့်မားစေပါသည်။ ဂေါက်ရောဂါ ထကြွနေချိန်တွင် အရက်ကို လုံးဝမသောက်ပါနှင့်။ ရောဂါငြိမ်နေချိန်တွင်လည်း အရက် (အထူးသဖြင့် ဘီယာ) ကို ကန့်သတ်သောက်သုံးပါ။
သကြား (အထူးသဖြင့် High-fructose corn syrup) - ပြောင်းဖူးမှ ထုတ်လုပ်သော သကြားရည် (High-fructose corn syrup) ဖြင့် ပြုလုပ်ထားသည့် အစားအစာများကို လျှော့စားပါ သို့မဟုတ် မစားပါနှင့်။ ယင်းတို့တွင် စီရီရယ် (Cereals)၊ မုန့်တိုက်ထွက် မုန့်မျိုးစုံ၊ ဆလတ်ရွက်သုပ်ဆော့စ်များနှင့် စည်သွတ်ဟင်းချိုများ ပါဝင်နိုင်ပါသည်။ မည်သည့်သကြားအမျိုးအစားမဆို အလွန်အကျွံ စားသုံးခြင်းသည် ဂေါက်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသဖြင့် အချိုကဲသော အစားအစာအားလုံးကို လျှော့စားပါ။
(၂) ကျန်းမာရေး ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန်
ဗီတာမင် စီ (Vitamin C) - ဗီတာမင် စီသည် ယူရစ်အက်ဆစ် ပမာဏကို လျော့ကျစေရန် ကူညီပေးနိုင်ပါသည်။ ၅၀၀ မီလီဂရမ်ရှိသော ဗီတာမင် စီ အားဆေးကို သောက်သုံးရန် သင့်တော်ခြင်း ရှိ၊ မရှိ ဆရာဝန်နှင့် တိုင်ပင်ပါ။
ကော်ဖီ - သုတေသနအချို့အရ ကော်ဖီသောက်ခြင်းသည် ဂေါက်ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း သိရသည်။ သို့သော် အခြားရောဂါအခြေအနေများ ရှိပါက ကော်ဖီသောက်ရန် မသင့်တော်နိုင်ပါ။ ထို့ကြောင့် မိမိအတွက် ကော်ဖီ မည်မျှသောက်သင့်သည်ကို ဆရာဝန်နှင့် ဆွေးနွေးပါ။
(၃) ဂေါက်ရောဂါအပေါ် သက်ရောက်မှုမရှိသော သို့မဟုတ် ရောဂါဖြစ်နိုင်ခြေ လျှော့ချပေးသော အစားအစာများ
ပျူရင်းဓာတ်မြင့်မားသော ဟင်းသီးဟင်းရွက်များ - လေ့လာမှုများအရ ပျူရင်းဓာတ်များသော ဟင်းသီးဟင်းရွက်များသည် ဂေါက်ရောဂါ ဖြစ်နိုင်ခြေကို မမြင့်တက်စေကြောင်း တွေ့ရသည်။ ယင်းတို့တွင် ပဲတောင့်ရှည်၊ ကညွတ်နှင့် ဟင်းနုနွယ်တို့ ပါဝင်ပါသည်။
ချယ်ရီသီး - ချယ်ရီသီး စားသုံးခြင်းသည် ဂေါက်ရောဂါ ထကြွမှုကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုအချို့က ပြဆိုပါသည်။
(၄) စံပြ အစားအသောက် စာရင်း
ဂေါက်ရောဂါရှိသူများအတွက် စားသုံးနိုင်သော နမူနာစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) မနက်စာ
အချိုမပါသော အနှံအပြား (Whole-grain) စီရီရယ်ကို အဆီထုတ်ထားသော နို့ သို့မဟုတ် အဆီနည်းသော နို့ဖြင့် စားပါ။
လတ်ဆတ်သော သို့မဟုတ် အေးခဲထားသော စတော်ဘယ်ရီသီး (အချိုမထည့်ဘဲ) စားပါ။
ကော်ဖီ။
(ခ) နေ့လယ်စာ
အနှံအပြား (Whole-grain) ပေါင်မုန့်လုံးတွင် ကြက်ရင်ပုံသားကင် (၂ အောင်စခန့်) နှင့် မုန်ညင်းစေ့ဆော့စ် (Mustard) ထည့်၍ စားပါ။
ဟင်းသီးဟင်းရွက် စုံလင်သော ဆလတ်ရွက်သုပ် (အစေ့အနှံ ၁ ဇွန်းခန့်၊ ဗနီဂါနှင့် သလ္လင်ဆီ (Olive oil) ဆော့စ်ဖြင့် သုပ်ထားသော)။
အဆီထုတ်ထားသော နို့၊ အဆီနည်းသော နို့ သို့မဟုတ် ရေ။
ညနေခင်း အဆာပြေ
လတ်ဆတ်သော သို့မဟုတ် အေးခဲထားသော ချယ်ရီသီး (အချိုမထည့်ဘဲ) စားပါ။
(ဂ) ညစာ
ဆယ်လ်မွန်ငါးကင် (၄ အောင်စခန့်)။
ကင်ထားသော သို့မဟုတ် ပေါင်းထားသော ပဲတောင့်ရှည်။
အနှံအပြား (Whole-grain) ခေါက်ဆွဲ (၁ ခွက်ခွဲမှ ၁ ခွက်စာ) ကို သလ္လင်ဆီ၊ ရှောက်ရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် နယ်၍ စားပါ။
အဆီနည်းသော ဒိန်ချဉ်။
လတ်ဆတ်သော ဖရဲသီး သို့မဟုတ် သခွားမွှေး (၁ ခွက်စာ)။
ကဖင်း (Caffeine) မပါသော ဖျော်ရည် (ဥပမာ - ဆေးဖက်ဝင် လက်ဖက်ရည်)။
မှတ်ရန်
ကျန်းမာရေးပညားပေးစာက အမေရိကမှာဖြစ်လို့ သူတို့ဆီက အစားအသောက်တွေသာ ပါတယ်။ ကိုယ်နေထိုင်ရာဒေသထွက် အစားအသောက်တွေနဲ့ ချိန်ထိုးနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment