ဟင်းငုတ်ပွင့်

ဆေးဖက်ဝင်တယ်ဆိုလို့ တကယ်ပဲ ဆေးဖက်ဝင်ပါသလားရှင် အပန်းမကြီးရင် သိပါရစေရှင်

မကြာခဏ တင်ပြထားတယ်။ လူအများ စားကြတဲ့ အပွင့်၊ အသီး၊ အရွက်၊ အဖူး၊ ဥ၊ အမြစ်တွေ အားလုံး ကောင်းတယ်။ တမျိုး တမျိုးစီ ကောင်းတယ်။

လူတွေစားသမျှ အစားအသောက်တိုင်းကို ဆေးသုတေသနလုပ်ထားတာတွေ ရှိတယ်။ တင်ပြထားတာ မနည်းတော့ပါ။

မြန်မာ့ဆေးနည်း၊ အရပ်ဆေးနည်း၊ ဖေ့စ်ဘွတ်ဆေးနည်းတွေကလည်း မရေမတွက်နိုင်အောင်များတယ်။ ဆေးသုသေနတွေ မရှိ။

လူပြောများတဲ့နည်းတွေနဲ့ ဖေ့စ်ဘွတ်နည်းတွေကို သွက်သွက်ခါအောင်မှားနေတာတွေ့ရင်တော့ အထောက်အထားတွေနဲ့တကွ တင်ပြပါတယ်။

ဥပမာ သောက်ရေသန့်၊ ရေနွေးကြမ်း စသည်။

အခါးအရသာပါလို့ ဆေးဘက်ဝင်တယ် ပြောကြတယ်။

ဆေးဘက်ဆိုတာ ဘယ်ရောဂါအတွက်လဲ။

တမာရွက်လည်း ခါးတာဘဲ။ လူအများက တက်စာလို့ ဆိုကြတယ်။ ဘယ်ဟုတ်ရမှာလည်း။ အိန္ဒိယမှာ သွေးတိုးအတွက် သုံးတယ်။

ငသလောက်ကိုလည်း တက်စာတဲ့။ မဟုတ်ပါ။ အလွန်အာဟာရပြည့်တယ်။

အစားအစာတမျိုးတည်းနဲ့လည်း ရောဂါတခုကို ကုသလို့ မပျောက်ပါ။

အစားအသောက်အကြောင်းစာတွေ ရာဂဏန်း ရှိပြီ။

ဘယ်စားစရာမဆို (အမေရိကန်စာတွေ အပါအဝင်) သင့်တင့်မျှတအောင်သာ စားရပါတယ်။

ဆေးသုတေသနဆိုတာကလည်း အင်္ဂလိပ်လိုရေးထားတိုင်းတော့ မှန်တာမဟုတ်ပါ။

အခုခေတ်မှာ ဘာမဆို သိလိုတာ ရှာရတာ အင်မတန်လွယ်တယ်။

စိစစ်၊ စဉ်းစား၊ ချင့်ချိန်တတ်မှသာ သင့်မှန်တာ ရနိုင်တယ်။

လူပြောများ၊ လူဖတ်များတဲ့သတင်းဆို လွဲပြီသာ မှတ်ပေတော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ