ဆရာဝန် ကြိုးစားသော်လည်း မဖြေတတ်တဲ့ ဆေးအမည်မေးခွန်းတခု

5:17 PM

မဂ်လာပါဆရာ

မေးနည်း ပို့လိုက်။

ဆရာလာရှင့်

မလာပါ။

7:52 PM

ဆရာမေစရာလေးရှိလို့မေလို့ရမလာရှင့်

မေးနည်းပို့ထားတာ ၃ နာရီရှိပြီ။

0:14

ဆေးပြားပုံနဲ့ အသံဖိုင်လာ

မေးခွန်း မပါ။ အသံဖိုင်မဖွင့်ကြောင်း မေးနည်းမှာပါ။

စာနဲ့မရေးလိုက တခြားဆရာဝန်တဦးကိုသာ မေးပါရန်။

ကျမအဲဆေးသောက်ပီမကြာဘူးဗိုက်နာတယ်အဲဆေးကကျမသောက်နေကျဆေးနဲမတူလို့ပါကျမသောက်မရဘူးလာမသိလို့ပါရှင့်

ဆေးပြားပေါ်က အမည်က ဆေးအမည်လား ဆေးကုမ္ပဏီအမည်လား မသိ။ ဆရာဝန် (ဆေးဆိုင်) စာထဲမှာ ဆေးအမည် ပါမယ်။

လူနာ သက် မသိ။ အခြေခံအချက်အလက်တွေ မသိ။ ဘယ်နေရာမှာ ဘာဖြစ်နေ မသိ။ ဖြစ်နေတာ ဘယ်လောက်ကြာ မသိ။

ဆေးအမည် စာလုံးပေါင်းမှန် မသိရဘဲ ရမ်းမဖြေပါ။

ဥပမာ paracetamol စသည်။

BPI ကို မသိချင်။

ဗီဒီယို တခု ပို့သည်။

ဗီဒီယိုဖိုင်တွေ မဖွင့်ပါလို့ ၂ ခါပြောထားပြီးပြီ။

ကြိုးစားပြီး ဆေးပြားပေါ်က အင်္ဂလိပ်စာလုံ ဖတ်ရသည်။ ဖော်မက် ပြောင်း၊ အကြီးချဲ့၊ မျက်လုံးပြူး ဖတ်ရသည်။

Centrum တဲ့။

ဆေးထုတ်တဲ့ ကုမ္ပဏီအမည်သာဖြစ်သည်။ အဲဒီကုမ္ပဏီက ဆေးအမျိုးပေါင်း ထောင်သောင်းထုတ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ