ကရေကရာ

ကရေကရာ၊ ရွှေညာကမုန့်မျိုး၊

ပေါက်ပေါက်ကယ် ချိုပါလှ၊ အုန်းယိုကတိုး။

ကရေကရာ = ကောက်ညှင်းစပါးကို ပေါက်ပေါက်ဖောက်၍ အမှုန့်များရအောင်လုပ်ပါ။

ပေါက်ပေါက်မှုန့်နှင့် သကာရည်တို့ကို နယ်ပါ။

ထန်းလျက်ရည်၊ သကြားရည် အပျစ်နှင့် နယ်လျှင်လည်း ရသည်။ 

အုန်းသီး၊ သကြား ယိုထိုး၍ ဌာပနာထည့်နိုင်သည်။

ဌာပနာကားသည် ပါဠိမှ ဆင်းသက်လာသော စကားဖြစ်၏။ ပါဠိအမှန်ကား ဌပနာ ဖြစ်၏။

မှတ်ချက်

ဆီချိုရှိသူတွေ သတိထားစာရပါမည်။ ဆေးသုတေသနအချက်အလက်တော့ မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ

Comments