ကျန်းမာရေးမေးသူတိုင်းအတွက် အထူးတင်ပြချက်
သား၊ သမီး အသုံးတွေက ဆရာဝန်ကို မျက်စိလည်စေတယ်။
မေးတဲ့သူလား သူ့သားလား။
မေးတဲ့သူလား သူ့သမီးလား မစဉ်းစားလို့ မရပါ။
လူကြီးရောဂါနဲ့ ကလေးရောဂါ မတူပါ။ လူကြီးဆေးနဲ့ ကလေးဆေး မတူပါ။
သားကောင်မလေး = ချွေးမ။
သမီးကောင်းလေး = သားမက်။
သမီးရဲ့ကလေး = မြေး။
ကျွန်တော်၊ ကျနော်၊
ကျမ၊ ကျွန်မ၊
ဗျ၊ ဗျာ၊ ခင်ဗျာ၊ ခင်ဗျ၊
ရှင်၊ ရှင့်
အသုံးတွေက အလွန်တည့်မှန် ယဉ်ကျေးပါတယ်။
ဆရာဝန်ကိုတော့ နော် မသင့်ပါ။
အလင်းပြပါ မမှန်ပါ။
သား-သမီး စာကို အခါ ၂၀ လောက်တင်ပြထားတယ်၊
သားဆိုသူက ကလေး ၂-၃ ယောက်အဖေ၊ သမီးဆိုသူက သွေးဆုံးပြီး (ကန်တော့)
အဘရောဂါစာကို အခါ ၃၀-၄၀ တင်ပြထားပြီးပြီ။ လူမမြင်သေးဘဲ အဘခေါ်သူ နည်းလာပြီ။
ရှိသေးတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment