စာမရေးတတ်တဲ့သူက အသံဖိုင်နဲ့ အကြံတောင်းရင်ရော
ခဏခဏတင်ပြထားပါတယ်။ကျွန်တော်က အသံဖိုင်တွေ မဖွင့်ပါ။ ရုပ်သံသံဖိုင်တွေကိုလည်း မဖွင့်ပါ။
စာရေးတာ သတ်ပုံတွေမှာနေလည်း နားလည်ရင် ဖြေတတ်ရင် ဖြေတယ်။ မေးခွန်းကို နားမလည်ရင် ပြန်မေးတယ်။
ကျွန်တော့မှာ နိုင်ငံရေးလုပ်စဉ်ကလို ရုံးခန်းမရှိပါ။
အသံတွေ ရုပ်သံတွေထဲမှာ ဘာတွေ ပြောဆိုထားလဲ မသိနိုင်။
ကျွန်တော့်အနားမှာ တခါတခါကလေးတွေ၊ တခါတခါဧည့်သည်တွေ၊ တခါတခါ လူက ဘုန်းကြီးကျောင်းမှာ။ လက်ဖက်ရည်ဆိုင်မှာ။
ကျန်းမာရေးမေးတာမှာလည်း ပုံတွေ မပို့ပါရန်လို့ စည်းကမ်းလုပ်ထားတယ်။ ဆေးစစ်ချက်စာကိုသာ ဖတ်ချင်တယ်။ အနာ၊ ဒဏ်ရာပုံတွေ မလိုအပ်ပါ။
ခေတ်ပျက်လာတော့ လူတွေကလည်း ယဉ်ကျေးမှုနည်းလာကြတယ်။
တချို့က အညစ်အကြေးပုံတွေ၊ တချို့က ကျား-မ လိင်အင်္ဂါပုံတွေ (ကန်တော့) ပို့ကြတယ်။
အဆင်သင့်လို့ ထပ်ပြီး တင်ပြဦးမယ်။
ကျွန်တော့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို အတုလုပ်ပြီး မေးခွန်းတွေ ဖြေနေကြတာ ရှိတယ်။
အတုကို အမျိုးသမီးရောဂါမေးကြတယ်။ ဆရာဝန်အတုကနေ မမြင်ကွယ်ရာနေရာ ပုံတောင်း ပို့တဲ့သူကလည်း ပို့သတဲ့။
နောက်တော့ ငွေညှစ်သတဲ့။
တခြားညစ်နည်းတွေကိုတော့ မသိပါ။
ကာယကံရှင်တွေက ပြန်ပြောကြလို့သာ သိတာ။
အဲလို အတုစာမျက်နှာတွေက သိသမျှ ၄-၅-၆ ခု။
ရီပို့တွေ အခါ ၄၀-၅၀- ကျော်လုပ်ပြီမှသာ ပျောက်သွားခဲ့ပါတယ်။
အခုလည်း မသိသေးတဲ့အတုတွေ ရှိနိုင်တယ်။
ကျွန်တော့စည်းစနစ်ကိုသိတဲ့သူတွေကတော့ သိကြတယ်။
ဘယ်တော့မှ မေးတဲ့သူတွေကို သား၊ သမီး လို့ မရေးပါ။
ခံလိုက်ရသူပို့တဲ့ အမေးအဖြေစာမှာ သမီး နဲ့ စတယ်။
ကန်တော့။
တချို့ ဆေးရောင်းကြတယ်။ ဆီးချိုဆေး အတုပုံ သိရတယ်။ သက်သေခံ ရှိတယ်။
ဖေ့စ်ဘွတ်ကလည်း အတု၊ အလိမ်၊ လိင် ဆိုရင် အရေးမယူ။
ကျွန်တော့ကိုတော့ ရာသက်ပန်ပိတ်ခံရနိုင်သည်လို့ သတိပေးထာတာ တနှစ်ကျော်ပြီ။ အခုထိ သုံးရနေလို့ ကျေးဇူး။
သက်သေခံတွေ ဘလော့အဟာင်းထဲမှာ ရှိပါတယ်။
မေးတဲ့သူကိုလည်း ဒီစာ ရေးဖြစ်တဲ့အတွက် ကျေးဇူး။
ကျွန်တော်လိုမဟုတ်ဘဲ အသံဖိုင် ရုပ်သံဖိုင် လက်ခံတဲ့ တခြားဆရာဝန်တွေ ရှိပါမယ်။
သတိတော့ထားပါလေ။
အတုတွေ အလိမ်အညာတွေကို သတိထားပါလေ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment