ဆေးဘက်ဝင်တယ်ဆိုတာ

အရွက်က ဆေးဘက်ဝင်တယ်။

ဟုတ်။ ဆေးသုတေသနတော့ မတွေ့ဘူးသေးပါ။

အပွင့်က ဆေးဘက်ဝင်တယ်။

ဟုတ်။ ဆေးသုတေသနတော့ မတွေ့ဘူးသေးပါ။

အမြစ်က ဆေးဘက်ဝင်တယ်။

ဟုတ်။ ဆေးသုတေသနတော့ မတွေ့ဘူးသေးပါ။

လူအများစားသုံးတဲ့ ဟင်းသီးဟင်းရွက်အားလုံး ကောင်ပါတယ်။

လူတွေစားကြသောက်ကြတာတိုင်းကို ဆေးသုတေသနတွေ လုပ်ထားတယ်။

အားလုံးမှာ အာဟာရတန်ဖိုးတွေ ပါတယ်။ 

သတိထားစားသုံးစရာတွေလည်း ပါတယ်။

လူအများမစားတာကို မစားသင့်။

လူတကာပြောတိုင်းလည်း မယုံသင့်။

လူပြောများတာက မှားလေ့ရှိတယ်။

အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ 

ကောင်းလှချည်ရဲ့၊ 

အစွမ်းထက်တယ်၊ 

ဆီးချိုပျောက်တယ်၊ 

သွေးတိုးကျတယ်၊

ကင်ဆာပျောက်တယ်၊ 

အသက်ရှည်တယ်၊

ငယ်ရုပ်ဆင်တယ်၊

အသားဖြူတယ်၊

အရပ်ရှည်တယ်၊ 

မှားတာ များတယ်။

မျက်စိမှိတ်မယုံရသလို ဦးနှောက်ကိုလည်း ပိတ်မထားသင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ