Seeking Attention Psychology သူများတွေရဲ့အာရုံစူးစိုက်မှု ရလိုခြင်း စိတ်အခြေအနေ

(မှန်ပင်မဲ့) (လုပ်မိနေပင်မဲ့) နိုင်ငံကျော် မင်းသမီးတယောက်က ဒီလိုမျိုး အလွယ်ရေးဖို့ မသင့်လျှော်ဘူးထင်လို့ပါဆရာ

မက်ဆေ့ချ်ကနေ အမျိုးသမီးပုံတခုနဲ့ မေးပါတယ်။
ပုံကိုတော့ မသုံးတော့ပါ။ ပုံထဲကမင်းသမီးလို အမျိုးသမီး၊ အမျိုးသားတွေက သူတို့ကို ကြော်ငြာပေးထာလည်း လိုချင်ကြတယ်။
ပုံတွေသုံးပြန်ရင်လည်း တချို့က စာကိုမဖတ်ဘဲ အဟုတ်မှတ်တယ်။ ဆေးအတုပါလို့တင်ထားရင် -
- ဘယ်မှာဝယ်ရမလဲဆရာတဲ့။
- ဘယ်လောက်ပေးရသလဲရှင့်တဲ့။
- အင်္ကျီ၊ ထဘီ အဆင်၊ အရောင် သူမတူအောင် ဝတ်ဆင်ကြခြင်း၊
- ဂျင်း၊ အဘ၊ တိုင်ပတ် စတဲ့ ခေတ်သုံးစကားလုံးတွေ ပြောဆို၊ ရေးသားခြင်း၊
- မွန်းဂါး၊ မင်မင်၊ ကင်ကင်၊ ချစ်သာတို့၊ အမျိုးတို့ စတဲ့ စကားဖျက်တွေ ပြောဆို၊ ရေးသားခြင်း၊
- မလုပ်ကသေးဘူး၊ လုပ်မိနေပင်မဲ့ စတဲ့ တမင်တကာ လွဲအောင် ပြောဆိုကြခြင်း စတာတွေဟာ
သူတို့ စိတ်အခြေအနေ လိုအပ်ချက်အရ လုပ်ဆောင်နေကြတာ ဖြစ်တယ်။
- လူအများရဲ့ အာရုံစိုက်မှုကို ရချင်လွန်းသူတွေ၊
- မိမိကိုယ်ကိုယ် အသိအမှတ်ပြုခံလိုစိတ်ရှိသူတွေ ဖြစ်ကြပြီး
- တဦးတည်းသော ဝိသေသအဖြစ် ရပ်တည်လိုစိတ်နဲ့ လူမှုအဖွဲ့အစည်းနှင့် ချိတ်ဆက်လိုစိတ်စတဲ့ လူသားတို့ရဲ့ အခြေခံလိုအပ်ချက်တွေကြောင့် အဲလို ပြုမူပြောဆိုနေကြတာ ဖြစ်တယ်။
ဒီလို အာရုံစိုက်မှုခံလွန်းသူတွေရဲ့ အပြောအဆို အပြုအမူတွေကို အချို့က အပျက်သဘောနဲ့ ရှုမြင်ကြတယ်။ စိတ်ပညာရှင်တွေကတော့ နောက်ကွယ်ကအကြောင်းရင်း (တွန်းအား) အပြောင်းအလဲများစွာ အမြစ်တွယ်နေတဲ့ ရှုပ်ထွေးတဲ့ အပြုအမူတခုအဖြစ် နားလည်ထားကြပါတယ်။
၁။ ကိုယ်ပိုင်ဝိသေသကို ရှာဖွေဖော်ထုတ်ခြင်း (Identity Exploration)
ထူးခြားဆန်းပြားသော အဝတ်အစား သို့မဟုတ် အပြောအဆိုသည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသရန် အဓိက ကိရိယာတခု ဖြစ်သည်။ ယင်းက လူတဦးချင်းစီအား မိမိတို့၏ ထူးခြားသော ပင်ကိုယ်စရိုက်၊ တန်ဖိုးထားမှုများ သို့မဟုတ် မိမိတို့နှစ်သက်ရာ လက္ခဏာစု (subcultural affiliation) တို့ကို ရှာဖွေဖော်ထုတ်ရန်နှင့် တပါးသူထံ ဆက်သွယ်ပြသရန် အခွင့်အရေး ပေးသည်။
၂။ အသိအမှတ်ပြု ခံလိုစိတ် (Need for Validation)
ချီးမွမ်းခြင်း၊ အံ့အားသင့်ခြင်း သို့မဟုတ် စူးစမ်းလိုခြင်း စသည့် ပြင်ပမှ အာရုံစိုက်မှုများသည် မိမိကိုယ်ကိုယ် ယုံကြည်မှု (self-esteem) ကို ယာယီအားဖြင့် မြှင့်တင်ပေးပြီး မိမိကို ပတ်ဝန်းကျင်က သတိပြုမိကြောင်းနှင့် အသိအမှတ်ပြုကြောင်း သေချာစေသည်။
၃။ အားနည်းချက်များကို ဖုံးကွယ်ခုခံခြင်း (Compensation for Insecurities)
အချို့သော အခြေအနေများတွင် ဆူညံထကြွသော သို့မဟုတ် ပုံမှန်မဟုတ်ဘဲ အမြင်ဆန်းသော အပြုအမူများသည် ခုခံကာကွယ်သည့် ယန္တရား (defense mechanism) တခုအဖြစ် လုပ်ဆောင်သည်။ ယင်းသည် မိမိကိုယ်ကိုယ် မပြည့်စုံဟု ခံစားရခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးခြင်း စသည့် နောက်ကွယ်မှ စိတ်အခြေအနေများကို အာရုံမရောက်စေရန် ဖုံးကွယ်ထားသော "မျက်နှာဖုံး" တခုအဖြစ် အသုံးတော်ခံနိုင်သည်။
၄။ ဒိုပမင်းနှင့် ဆုလာဘ် စနစ် (Dopamine and Reward)
ရဲရင့်ပြတ်သားသော ဝတ်စုံ သို့မဟုတ် စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းတပုဒ်အပေါ် ရရှိလာသည့် ကောင်းမွန်သော တုံ့ပြန်မှုများသည် ဦးနှောက်၏ ဆုလာဘ်ပေးစနစ် (reward system) ကို လှုံ့ဆော်ပေးပြီး ဒိုပမင်း (dopamine) ဟော်မုန်းကို ထွက်ရှိစေသည်။ ယင်းက ထိုအပြုအမူကို ပိုမိုခိုင်မာစေပြီး အလားတူ ပြန်လည်ပြုလုပ်ရန် တွန်းအားပေးသည်။
၅။ ဓလေ့ထုံးတမ်းများကို ငြင်းပယ်ခြင်းနှင့် တော်လှန်ခြင်း (Nonconformity and Rebellion)
ပုံစံခွက်ထဲမှ ကွဲထွက်၍ ဝတ်ဆင်ခြင်း သို့မဟုတ် ပြောဆိုခြင်းသည် လူမှုပတ်ဝန်းကျင်၏ စံနှုန်းများကို တမင်တကာ ငြင်းပယ်ခြင်းလည်း ဖြစ်နိုင်သည်။ ယင်းက လူတဦးချင်းစီအား လက်ရှိအခြေအနေကို စိန်ခေါ်ရန် သို့မဟုတ် မိမိတို့၏ လွတ်လပ်မှုကို အခိုင်အမာ ပြသရန် အထောက်အကူပြုသည်။
၆။ မီးမောင်းထိုးခံရမှု ထင်ယောင်ထင်မှားဖြစ်ခြင်း (The Spotlight Effect)
အာရုံစိုက်မှု ခံချင်သူများသည် မိမိတို့ကို အခြားသူများက မည်မျှအထိ သတိပြုမိနေသလဲ ဆိုသည့်အချက်ကို အလွန်အကျွံ တွေးဆလေ့ရှိကြောင်း စိတ်ပညာရှင်များက ထောက်ပြကြသည်။ အမှန်တကယ်တွင်မူ ဘေးလူများက ၎င်းတို့ကို အာရုံစိုက်ကြည့်ရှုသည့် အချိန်မှာ အလွန်နည်းပါးသော်လည်း၊ ၎င်းတို့ကမူ မိမိတို့၏ ထူးခြားသော စတိုင်ကို လူအများက အမြဲတမ်း စေ့စပ်စပ်စပ် စောင့်ကြည့်ဝေဖန်နေကြသည်ဟု ယုံကြည်နေတတ်ကြသည်။
စိတ်ပညာရပ်တွင် အလွန်အကျွံဖြစ်သော သို့မဟုတ် ပတ်ဝန်းကျင်ကို နှောင့်ယှက်ဖျက်ဆီးတတ်သော အာရုံစိုက်ခံလိုသည့် အပြုအမူများကို တခါတရံ "ဟစ်စထရီယိုးနစ် ပင်ကိုယ်စရိုက် ချို့ယွင်းမှု" (Histrionic Personality Disorder) နှင့် ဆက်စပ်တွေးတောလေ့ ရှိကြသည်။ ယင်းချို့ယွင်းမှုသည် အမြဲတမ်း အလိုမပြည့်နိုင်ဘဲ အသိအမှတ်ပြုမှုကို အလွန်အကျွံ တောင်းဆိုခြင်းနှင့် သဘာဝမကျဘဲ ပြဇာတ်ဆန်ဆန် အာရုံစိုက်မှု ရှာဖွေခြင်း စသည့် လက္ခဏာများ ရှိတတ်သည်။ သို့သော်လည်း လူအများစုအတွက်မူ အဝတ်အစားနှင့် အပြောအဆိုကို ကွဲပြားအောင် ပြုလုပ်ခြင်းသည် လူအများကြားတွင် အန္တရာယ်မရှိဘဲ ထင်ပေါ်အောင် ပြုလုပ်သည့် ရိုးရှင်းသော နည်းလမ်းတခုသာ ဖြစ်ပါသည်။
အကျိုးရလဒ် တချို့လည်းရှိတယ်။
အထင်ကြီးခံရနိုင်တယ်။
အဲလို ပရိသတ်၊ ဈေးဝယ်သူ၊ ဖောက်သည်ကလည်း နည်းလေ့မရှိပါ။
ဖုံးကွယ်ထားတာတွေကို လူမသိစေနိုင်။
လူကြည့်များလို့ ဝင်ငွေရမယ်။
ကုန်ပစ္စည်းဖြစ်စေ၊ လူဖြစ်စေ ရောင်းကောင်းမယ်။
ခေတ်တိုင်းမှာ တိုင်းပြည်တိုင်းလိုလိုမှာ ရှိပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ