ဦးရေခွံအနာ နှင့် သတ်ပုံ

(မေးလို့ဖြေရတာထက် မမေးတာကိုဖြေရတာက ပိုများသည်)

ဆရာရှင့် ကျွန်မ အသက် ၂၄ နှစ်ပါ ရှင့် ခေါင်းမာ အဖုသေးသေးလေးပေါက်ပီး ခုပုံထဲကလိုလေး ဖစ်နေပါတယ်ရှင့် အဲ့အဖုပေါက်တုန်းက တအားကို နာပါတယ်ရှင့် နရက်သုံးရက်နေတော့ အ့အဖုနာသာသက်သာသွားပါတယ် ခုကြ ကိုင်ကြိရင် အဖုလေးဖောင်နေသလိုလေးဖစ်နေပါတယ် ပီးတော့အ့နေရာလေးမာခုလိုလေးပြောင်နေပါတယ်ရှင့် ဘလို ကုသရမလဲ ဆိုသာလေးကို ဆရာလမ်းညွန်ပေးပါအုံးရှင့်
နာတဲ့အဖုဆိုရင် ပိုးဝင်တဲ့အနာကို အရင်စဉ်းစားရ။ ပိုးသေဆေး + အနာသက်သာဆေးလိုမယ်။ ဆေးအမျိုးမျိုးရှိ။ လွယ်တာက Doxycycline + Ibuprofen တနေ့ တစုံ အနည်းဆုံး ၅ ရက်သောက်နိုင်။
ဖြေပြီးပြီး လိုသေးမေးနိုင်။ သတ်ပုံ ပြင်ရဦးမယ်။
ခေါင်းမာ မဟုတ်။ ခေါင်းမှာ။ ခေါင်းမာဆိုတာ ပြောရဆိုရခက်သူကိုခေါ်တယ်။
ပေါက်ပီးမဟုတ် ပေါက်ပြီး။ ပီးတော့ မဟုတ်။ ပြီးတော့။ မြန်မာစာမှာ ပီး မရှိ။
ဖစ်နေမဟုတ် ဖြစ်နေ။ ဖစ်ဆိုတာ ဦးဖစ်၊ ဒေါ်ဖစ်၊ ဖစ်လမ်းလို့သာရှိတယ်။
နရက်သုံးရက် မဟုတ်။ နှစ်ရက်သုံးရက်။
ခုကြ မဟုတ်။ ခုကျ။
ကိုင်ကြိ မဟုတ်။ ကိုင်ကြည့်။
ဘလို မဟုတ်။ ဘယ်လို။ ဘလိုဆိုတာ အဘလို၊ ဘဘလို။
ဆိုသာ မဟုတ်။ ဆိုတာ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ