Leafy greens အရွက်စိမ်းများသည်

ကယ်လိုရီ အလွန်နည်းပါးသော်လည်း ဗီတာမိန်များ (ဗီတာမိန် A, C, K၊ ဖောလိတ်)၊ သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်) နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်သည့် အာဟာရဓာတ် ပြည့်ဝသော အစားအစာများ ဖြစ်ကြသည်။ ၎င်းတို့ကို နေ့စဉ် စားသုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အရိုးများကို သန်မာစေခြင်း၊ မျက်စိအမြင်အာရုံကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုများကို လျှော့ချပေးခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းတို့ ဖြစ်စေသည်။

အရွက်စိမ်းများ၏ အဓိက ကျန်းမာရေး အကျိုးကျေးဇူးများ

ဦးနှောက် ကျန်းမာရေး - အရွက်စိမ်းများတွင် ဖောလိတ်နှင့် အင်တီအောက်ဆီးဒန့် (Antioxidants) များ ကြွယ်ဝစွာ ပါဝင်သဖြင့် အသက်အရွယ်ကြောင့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်းကို နှေးကွေးစေပြီး မှတ်ဉာဏ်ကို အထောက်အကူပြုကြောင်း သုတေသနများတွင် ဖော်ပြထားသည်။

နှလုံး ကျန်းမာရေး - ပါဝင်သော အမျှင်ဓာတ်၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့က ကိုလက်စထရောကို လျှော့ချပေးခြင်း၊ သွေးဖိအားကို ကျစေခြင်းနှင့် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်းတို့တွင် ကူညီပေးသည်။

မျက်စိအမြင်အာရုံ ကာကွယ်ပေးခြင်း - အရွက်စိမ်းများတွင် ပါဝင်သော လူတိန်း (Lutein) နှင့် ဇီယာဇန်သင်း (Zeaxanthin) စသည့် ကာရိုတီနွိုက်များက မျက်ကြည်လွှာကို ဓာတ်တိုးပျက်စီးမှုမှ ကာကွယ်ပေးပြီး မျက်စိရက်တီနာ ပျက်စီးသည့် ရောဂါ (Macular degeneration) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည်။

အရိုး သန်မာစေခြင်း - အရိုးသိပ်သည်းဆကို ထိန်းသိမ်းရန်နှင့် အရိုးကျိုးခြင်းမှ ကာကွယ်ရန် အတွက် မရှိမဖြစ် လိုအပ်သော ကယ်လ်ဆီယမ်နှင့် ဗီတာမိန် K တို့ကို အပင်မှ ရရှိနိုင်သည့် အကောင်းဆုံး အရင်းအမြစ်များ ဖြစ်ကြသည်။

ဝိတ်ထိန်းပေးခြင်း - အမျှင်ဓာတ် များပြားပြီး ကယ်လိုရီ နည်းပါးသောကြောင့် ဗိုက်ပြည့်လွယ်စေကာ ကျန်းမာရေးနှင့် ညီညွတ်သော ဝိတ်ထိန်းသိမ်းမှုကို အထောက်အကူပြုသည်။

အရေပြားနှင့် ခုခံအား စနစ် - ပါဝင်သော ဘီတာကာရိုတင်းများက ဗီတာမိန် A အဖြစ်သို့ ပြောင်းလဲပေးကာ ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အထောက်အကူပြုပြီး ဗီတာမိန် C နှင့် အခြား အပင်မှရသော အာဟာရဓာတ်များက ခုခံအားစနစ်ကို မြှင့်တင်ပေးသည်။

လူကြိုက်များသော အရွက်စိမ်းများနှင့် စားသုံးနိုင်သည့် နည်းလမ်းများ

အောက်ပါ အရွက်စိမ်း အမျိုးအစား အမျိုးမျိုးကို သင့်နေ့စဉ် အစားအစာထဲတွင် လွယ်ကူစွာ ထည့်သွင်း စားသုံးနိုင်ပါသည်။

စပင်းနစ် ဟင်းနုနွယ် (Spinach) - အရသာ နူးညံ့ပြီး နည်းလမ်းမျိုးစုံဖြင့် စားသုံးနိုင်ကာ လတ်ဆတ်သော အသုတ်များပြုလုပ်၍ သော်လည်းကောင်း၊ နံနက်ခင်း ဖျော်ရည်များတွင် ထည့်၍သော်လည်းကောင်း ဖျော်သောက်နိုင်သည်။

ကိုက်လန် (Kale) - ရိုးတံ ရွက်ကြမ်းများပြီး အာဟာရပြည့်ဝသော အရွက်ဖြစ်ရာ စိမ့်ဝင်အောင် နယ်ဖတ်၍ အရသာရှိသော အသုတ်များအဖြစ် လည်းကောင်း၊ အမွှေးကြိုင်ပြုလုပ်၍ ကြွပ်ကြွပ်ကလေး လှော်စား၍ လည်းကောင်း စားသုံးနိုင်သည်။

အာရူးဂူလာ (Arugula) - ထူးခြားသော အစပ်အရသာ ကလေးပါဝင်သဖြင့် ပိဇာ၊ ဆန်းဒဝစ်နှင့် ကောက်ပဲသီးနှံ ပွဲများတွင် ထည့်သွင်း စားသုံးကြသည်။

ဆဝစ်ချာ့ဒ် ဟင်းနုနွယ် (Swiss Chard) - အရောင်အသွေး စုံလင်သော အရိုးများပါဝင်ပြီး ကြက်သွန်ဖြူ၊ သံလွင်ဆီတို့ဖြင့် ခပ်ပါးပါး လှော်ကြော်လိုက်ပါက အလွန် အရသာရှိပါသည်။

ပုံတွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးစာကတော့ ယူအက်စ်အေကသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ရေမြေ၊ ရာသီဥတု သင့်မျှတဲ့နေရာဒေသတွေမှာ စိုက်ပျိုးလို့ရနိုင်တာတွေ ရှိပါမယ်။ ရောင်းချ၊ စားသုံးသင့်ကြပါတယ်။

အသီးအနှံတွေတချို့ဟာ မြန်မာ့မြေမှာ အစကတည်းက ပေါက်ခဲ့ကြတာ မဟုတ်ပါ။

တခြားတိုင်းပြည်တွေကနေ ရောက်လာတဲ့ အသီးအပင်တွေ မနည်းလှပါ။

အမည်ပေးဆန်းတာတွေက နောက်မှ ရောက်လာတာတွေ။

သင်္ဘောပင်၊ ဘင်္ဂလားသရက်၊ တရုပ်ဆီးသီး၊ ဘရိုကိုလီ (မုန်လာပွင့်အစိမ်းရောင်) စသည်။

မုန်လာထုပ် ခေါ် ဂေါ်ဖီ အခေါ်ကလည်း ဟင်ဒီ။

မျောက်ငိုသီး ခေါ် ဇောင်းသ ခေါ် Parkia speciosa ကလည်း တဖက်နိုင်ငံကလာတယ်။ စားသုံးသူများတော့ အခုဆို မြန်မာပြည်မှာ စိုက်နေကြပြီ။

ခရမ်းချဉ်သီး - တောင်အမေရိကတိုက်မှ စတင်ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာအနှံ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ဟင်းလျာများတွင် မပါမဖြစ် သုံးစွဲလာကြသည်။

ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ - ဥရောပနှင့် မြေထဲပင်လယ်ဒေသတို့မှ မူရင်းဖြစ်ပြီး အေးမြသော ရာသီဥတုရှိသည့် ဒေသများတွင် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

အာလူး - တောင်အမေရိက အန်ဒီ့စ်တောင်တန်းဒေသမှ မူရင်းဖြစ်ကာ ကိုလိုနီခေတ်နှင့် ကုန်သွယ်မှုများမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး ရှမ်းပြည်နယ်နှင့် အေးမြသောဒေသများတွင် အဓိက စိုက်ပျိုးသည်။

ပြောင်းဖူး - မူလက အမေရိကတိုက်မှဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့သို့ ပျံ့နှံ့လာရာမှ မြန်မာနိုင်ငံတွင်လည်း ရာသီမရွေး စိုက်ပျိုးစားသုံးကြသည်။

သတိပေးချက်

တရုပ်ပြည်ကနေ သူတို့စီမံကိန်းနဲ့လာပြီး အစိုက်ခိုင်းတာတွေကိုတော့ အထူးသတိထားကြရပါလိမ့်မယ်။ မြေဆီဲသြဇာပျက်သတဲ့။

ကျန်းမာရေးအတွက်လည်းကောင်းပြီး ကိုယ်ရေမြေသဘာဝနဲ့ သင့်မျှတာတွေကိုတော့ စိုက်ပျိုး၊ ရောင်းချ၊ စားသောက်သင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ