လယ်သမားဟင်းချို
အမည်ကိုတော့ လယ်သမားဟင်းရည်လို့ မခေါ်ခဲ့ကြပါ။
အညာဒေသ ရွာစည်းရိုး၊ အိမ်ခြံဝင်းအတွင်း အလေ့ကျပေါက်ရောက်တဲ့ ဒါမှမဟုတ် စိုက်ပျိုးထားတဲ့ စားလို့ရတဲ့ အရွက်တွေကို ရောစပ်ချက်ပြုတ်ကြပါတယ်။
မျှင်ငပိ ဒါမှမဟုတ် တခြားကောင်းတဲ့ပပိ။
မျှစ်၊ ကောက်ရိုးမှို၊ ကြွက်နားရွက်မှို၊ ကြာရိုး၊ မြူရွက်၊ ဗောက်ရွက်၊ ပုစွန်စာရွက်၊ ဆူးပုပ်ကလေးရွက်၊ သနပ်ရွက် / သနပ်ဖူး၊ စွယ်တော်ရွက် စတာတွေ ထည့်ကြပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်မှုန့်။
အစပ်စားနိုင်တဲ့အိမ်မှာ ငရုတ်သီးစိမ်းတောင့်လည်း ထည့်ပါတယ်။
ပုစွန်ခြောက်၊ တချို့က ပုစွန်ဆိတ် တတ်နိုင်သူတွေက ထည့်ကြတယ်။
ဆားနဲ့ ဆီနည်းနည်း (ဆီမပါ မဟုတ်)။
အရွက်စုံဟင်းရည်၊ အရွက်စုံဟင်းချို။
လွမ်းဆွတ်ဖွယ် ရိုးရာဓလေ့အရသာ။
ကွန်မင့်တခု = လဲလုရွက် မြင်းခေါင်းနှာရောင်ရွက် နွားလျှာကြီးရွက် ဆူးပုပ်ကလေး ဒန်သလွန်ရွက် ကုလားပဲညွန့် တို့ကို ဆန်လှော်ဟင်းချိုတွင် အဖွားက ခပ်ကျွေးပါတယ်။ ခရမ်းချဉ်သီးထောင်းစပ်စပ်နဲ့ တွဲဖက်စားရသော် အသားဟင်းမပါပေမဲ့ ထမင်းမြိန်ပါတယ်။
မှတ်ချက်
လဲလူရွက် (Olax scandens) လို့ ခေါ်ပါတယ်။
နွားလျှာကြီးရွက် (ငရှာကြီးရွက်) သည် မြန်မာနိုင်ငံအညာဒေသတွင် အတွေ့ရများသောဟင်းရွက်အဖြစ် စားသုံးကြသည်။
မြင်းခေါင်းနှာရောင် (သို့မဟုတ်) မြင်းခေါင်းနာယောင်ရွက်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment