တနေ့တမျိုး မရိုးရအောင်
သူများတိုင်းပြည်ကလူတွေ စားကြတဲ့ ရောင်စုံ မီနူး။
မြန်မာလူမျိုးတွေကလည်း အစားအသောက်မှာ အပြောင်းအလဲ စားချင်ကြပါတယ်။
ဘယ်လောက်ကောင်းတဲ့ စားစရာဖြစ်ဖြစ် ဖြစ်နိုင်ရင်တော့ တမယ်တည်းကို တနပ် နှစ်နပ်ထက် ပိုမစားလိုကြပါ။
စာချင်စိတ်ဆိုတာ ဟင်းအမျိုးအစားသာမကပါ
- အာဟာရ၊
- ဟင်းခတ်အမွှေးအကြိုင်၊
- ချက်နည်းပြုတ်နည်း၊
- အရသာ၊
- အပြင်အဆင်ကစ လိုအပ်ပါတယ်။
လက်ရာပြောင်း၊ ဆိုင်ပြောင်းစမှာ စားကောင်းတတ်တယ်။ ကြာရင်တော့ ဆိုင်ပြောင်းကြလေ့ရှိတယ်။
ကိုယ်တတ်နိုင်တာနဲ့ အရသာရှိအောင် စီမံချက်ပြုတ်နည်းဆိုတာ ပါရမီလိုရှိသူတွေကသာ တတ်စွမ်းပါတယ်။
စားကောင်းကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment